Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မော်ဒယ်နန်းမွေ့စံကို စစ်ကောင်စီ တရားရုံးက ထောင်ဒဏ်(၆)နှစ် မတရားချမှတ်

နန်းမွေ့စံကို အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့် သြဂုတ် ၅ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မော်ဒယ်နန်းမွေ့စံကို စစ်ကောင်စီ တရားရုံးက ထောင်ဒဏ်(၆)နှစ် မတရားချမှတ်
မော်ဒယ်နန်းမွေ့စံကို စစ်ကောင်စီ တရားရုံးက ထောင်ဒဏ်(၆)နှစ် မတရားချမှတ်

အီလက်ထရောနစ်အက်ဥပဒေ ပုဒ်မ (၃၃) ဖြင့် မတရားဖမ်းဆီးခံရပြီး ဒဂုံမြို့သစ်မြောက်ပိုင်း တရားရုံး၌ အမှုရင်ဆိုင်နေရသည့် ‌မော်ဒယ်နန်းမွေ့စံကို အကြမ်းဖက်စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် (၆)နှစ်ချမှတ်လိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာက အသိပေးထားသည်။

နန်းမွေ့စံကို ယနေ့(စက်တင်ဘာ ၂၇ရက်)တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်သည် စစ်အုပ်ချုပ်ရေးဖြစ်၍ စစ်ခုံရုံးဖြင့်စစ်ဆေးခြင်းဖြစ်သောကြောင့် မြန်မြန်ဆန်ဆန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

နန်းမွေ့စံကို အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့် သြဂုတ် ၅ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နန်းမွေ့စံကို ထောင်ဒဏ်(၆)နှစ်ချမှတ်သည့်အပေါ် မတရားကြောင်း ပြည်သူများက မှတ်ချက်များရေးသားထားသည်။

နန်း‌မွေ့စံကဲ့သို့ပင် အီလက်ထရောနစ်အက်ဥပဒေပုဒ်မ (၃၃) ဖြင့် တရားရင်ဆိုင်နေရသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ အမှုကို မရမ်းကုန်းမြို့နယ် တရားရုံး၌ စစ်ဆေးနေပြီး အမိန့်ချမှတ်သည့် အဆင့်သို့ မရောက်သေးကြောင်း ဝါဒဖြန့်မီဒီယာကအသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်က စက်လက်များ ၊ စနိုက်ပါများ နှင့် (၆၀)မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော် လည်းထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

သတင်း

စက်တင်ဘာ ၂၅ ရက် နှင့် ၂၆ ရက်များက မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းအား ဒေသကာကွယ်ရေးအဖွဲ့များက လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

သတင်း

သပိတ်ကျင်းနယ်တွင် စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးကာ ရွှေလုပ်ကွက်များရှိ ရွှေလုပ် သားများအား ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ငွေညှစ်မှုများပါ ပြုလုပ်နိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

အဆိုပါ ဒေသသို့စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) ကော်ဘရာ စစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ(၃)က ယနေ့(စက်တင်ဘာ ၂၇ရက်) နေ့လည်ပိုင်း၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။