Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နယ် ကပေါင်းရွာအား မီးရှို့ဖျက်ဆီးထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

“ရွာအထွက်၌ တိုက်မိုင်းတစ်လုံးထိကာ အနည်းငယ် ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။ ယခု စစ်ကြောင်းသည် ရွာရှည်ရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသိရသည်” ဟု အသိပေးသည်။

(စစ်ကောင်စီတပ်က တန့်ဆည်နယ်ရှိ ကျေးရွာအချို့ကို ယခုရက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က တန့်ဆည်နယ်ရှိ ကျေးရွာအချို့ကို ယခုရက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ - CJ)

▪️စစ်အုပ်စုက နေအိမ် ၃၀ကို မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကပေါင်းကျေးရွာတွင် ညအိပ်တပ်စွဲကာနေအိမ်များအား မီးရှို့ဖျက်ဆီးပြီးထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare – K.P.Kက ယနေ့(စက်တင်ဘာ ၂၈)ထုတ်ပြန်သည်။

ယနေ့နံနက် ၄ နာရီခန့်က ကပေါင်းကျေးရွာမှ နေအိမ် ၃၀ကျော်ကို မီးရှို့ဖျက်ဆီးပြီးပြန်ထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ အနည်းငယ်ထိခိုက်သွားကြောင်း ဖော်ပြသည်။

“ရွာအထွက်၌ တိုက်မိုင်းတစ်လုံးထိကာ အနည်းငယ် ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။ ယခု စစ်ကြောင်းသည် ရွာရှည်ရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသိရသည်” ဟု အသိပေးသည်။

အထက်ပါစစ်ကောင်စီတပ်စစ်ကြောင်းသည် စက်တင်ဘာ ၂၅ ရက်ကတည်းက တန့်ဆည်နယ် ကပေါင်းကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၃ ညအိပ်ပြီး ကျေးရွာအတွင်းတပ်စွဲကာ နေအိမ် များအား မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“ဒုတပ်ရင်းမှူးအပါအဝင် အကုန်လုံးသေတယ်” ဟု တပ်စုမှူးက ပြောကြားခဲ့ပြီး စခန်းကို သိမ်းပိုက်ရခြင်းမှာ ဒေသခံများ သွားလာရေး အခက်ကြုံအောင် လုပ်ဆောင်ခြင်းကြောင့်ဖြစ်သည်ဟု ရှင်းပြသည်။

သတင်း

စစ်ကောင်စီတပ်သည် အနောက်ကမ်းဖြူကျေးရွာနေ အသက်(၃၀)ဝန်းကျင်ရှိ ပြည်သူတစ်ဦးကို ညဥ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ​ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

သတင်း

အဆိုပါ စစ်ဆင်ရေးအား ဒေါင်းဧကရာဇ်ပြည်သူကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်ပြည်သူကာကွယ်ရေး ၄တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်း‌ထုတ်ပြန်ထားသည်။

သတင်း

ဒေါက်တာ Tlaung Cung Thang သည် ယနေ့နံနက် ၈ နာရီ ၄၀ ခန့်က ၎င်း၏နေအိမ်၌ ကြိုးဆွဲချကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး ဘာကြောင့် ယခုလိုပြုလုပ်ရသည်ကို မသိရသေးပေ။