Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းပြည်နယ်ဖလမ်းမြို့နယ်မှ စစ်​ကောင်စီလက်​​အောက်မှဆေးရုံအုပ် မိမိကိုယ်ကို အဆုံးစီရင်

ဒေါက်တာ Tlaung Cung Thang သည် ယနေ့နံနက် ၈ နာရီ ၄၀ ခန့်က ၎င်း၏နေအိမ်၌ ကြိုးဆွဲချကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး ဘာကြောင့် ယခုလိုပြုလုပ်ရသည်ကို မသိရသေးပေ။

(ဒေါက်တာ Tlaung Cung Thang ။ ။ဓါတ်ပုံ-TCT FB)
(ဒေါက်တာ Tlaung Cung Thang ။ ။ဓါတ်ပုံ-TCT FB)

စစ်​ကောင်စီလက်​အောက်တွင်တာဝန်ထမ်း​ဆောင်​နေ​​​သောချင်းပြည်နယ် ဖလမ်းမြို့နယ်ဆေးရုံအုပ် ဒေါက်တာ Tlaung Cung Thang သည် ယနေ့(စက်တင်ဘာ ၂၈)နံနက်ပိုင်းက ၎င်း၏နေအိမ်၌ ကြိုးဆွဲချကာ မိမိကိုယ်ကို အဆုံးစီရင်သွားသည်။

ဒေါက်တာ Tlaung Cung Thang သည် စစ်ကောင်စီလက် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဖလမ်းဆေးရုံ၌ ဆေးရုံအုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သေဆုံးချိန်တွင် အသက် (၄၁)နှစ်ရှိပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

(ဒေါက်တာ Tlaung Cung Thang ။ ။ဓါတ်ပုံ-TCT FB)
(ဒေါက်တာ Tlaung Cung Thang ။ ။ဓါတ်ပုံ-TCT FB)

ပြည်သူ့တော်လှန်ရေးအားကောင်းလာ၍ စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်ရဲတော့သောကြောင့် ကိုယ်လွတ်ရုန်းသွားခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်း၏ မိတ်ဆွေအချို့က သုံးသပ်သည်။

” ကလေးနှစ်ယောက် ကျန်ခဲ့တယ်။ သူက စကစနဲ့ ပြည်သူ့​တော်လှန်ရေးကြားမှာ ကြားညှပ်တော့မှာကိုသိလို့ ဆူဆိုက်လုပ်သွားတာလို့ ကျွန်တော်တို့ ကြားတယ်” ဟု ၎င်း၏ မိတ်ဆွေတစ်ဦးကပြောသည်။

Dr Tluang Cung Thangသည် ဖလမ်းတွင် တာဝန်မကျမီ မတူပီဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့​သေးသည်။

“ဒီမနက်အစောကြီးကြားရတဲ့သတင်းက တကယ်မယုံနိုင်ဘူး ဆရာကြီးရယ်။ ဆရာကြီးလို တော်ပြီး ပြည့်စုံတဲ့သူက ဘာလို့ လောကကြီးကိုလွယ်လွယ်နဲ့ အရှူံးပေးလိုက်ရတာလဲ”ဟု ဒေါက်တာ Tlaung Cung Thang နှင့် နီးစပ်သူတစ်ဦးက လည်းဝမ်းနည်းစကားဆိုထားသည်။

ဒေါက်တာ Tlaung Cung Thang သည် ယနေ့နံနက် ၈ နာရီ ၄၀ ခန့်က ၎င်း၏နေအိမ်၌ ကြိုးဆွဲချကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး ဘာကြောင့် ယခုလိုပြုလုပ်ရသည်ကို မသိရသေးပေ။

လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား ချင်းပြည်နယ်မြို့ တော် ဟားခါးသို့ပို့ဆောင်ရန် စီစဥ်လျှက်ရှိကြောင်းဒေသခံများထံမှ သိရသည်။

ချင်းပြည်နယ်တွင် ပြည်သူ့တော်လှန်ရေးအားကောင်းနေပြီး CNA/CNF ၊ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(CDF)များနှင့် အုပ်ချုပ်ရေးအဖွဲ့များက ဒေသတွင်း အုပ်ချုပ်ရေးယန္တရားကို စတင်ဖော်ဆောင်နေသည်။ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ အမြန်ဆုံးနှုတ်ထွက်ကြရန်လည်း ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေး ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“ဒုတပ်ရင်းမှူးအပါအဝင် အကုန်လုံးသေတယ်” ဟု တပ်စုမှူးက ပြောကြားခဲ့ပြီး စခန်းကို သိမ်းပိုက်ရခြင်းမှာ ဒေသခံများ သွားလာရေး အခက်ကြုံအောင် လုပ်ဆောင်ခြင်းကြောင့်ဖြစ်သည်ဟု ရှင်းပြသည်။

သတင်း

စစ်ကောင်စီတပ်သည် အနောက်ကမ်းဖြူကျေးရွာနေ အသက်(၃၀)ဝန်းကျင်ရှိ ပြည်သူတစ်ဦးကို ညဥ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ​ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

သတင်း

အဆိုပါ စစ်ဆင်ရေးအား ဒေါင်းဧကရာဇ်ပြည်သူကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်ပြည်သူကာကွယ်ရေး ၄တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်း‌ထုတ်ပြန်ထားသည်။

သတင်း

"ရွာအထွက်၌ တိုက်မိုင်းတစ်လုံးထိကာ အနည်းငယ် ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။ ယခု စစ်ကြောင်းသည် ရွာရှည်ရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသိရသည်" ဟု အသိပေးသည်။