Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းနိုင်ငံတွင် အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၀၀ကျော် နစ်နာကြေးရရန် NUG တောင်းဆိုထား

လက်ရှိတွင် အလုပ်ရှင်အား အမှုဖွင့်ထားသည့် အလုပ်သမား (၃၈)ဦးအတွက် တရားဝင်အလုပ်ပြောင်းရွှေ့ခွင့်ရရှိရန် စမုပရာကန်ခရိုင်၊ အလုပ်အကိုင်ဌာန(ကျဟာငန်)နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

ဓာတ်ပုံ - Ministry of Labour - National Unity Government of Myanmar
ဓာတ်ပုံ - Ministry of Labour - National Unity Government of Myanmar

ထိုင်းနိုင်ငံ ငါးသေတ္တာစက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၁၁၀ဦးအတွက် NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှစေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့က ထိုင်းအာဏာပိုင်များထံမှတဆင့် နစ်နာကြေးရရန်တောင်းဆိုထားကြောင်း ယနေ့(စက်တင်ဘာ ၂၈)ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင် ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံမှ မြန်မာအလုပ်သမား ၁၁၀ဦးခန့် အလုပ်ထုတ်ခံရပြီး အမျိုးသားညီညွတ်ရေးအစိုးရမှ ဝင်ရောက်ဖြေရှင်းပေးရန် စက်တင်ဘာ ၂၁ ရက်က ဆန္ဒဖော်ထုတ်၍ အကူအညီတောင်းခဲ့သဖြင့် ယခုကဲ့ဝင်ရောက်ညှိနှိုင်းဖြေရှင်းပေးနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - Ministry of Labour - National Unity Government of Myanmar
ဓာတ်ပုံ – Ministry of Labour – National Unity Government of Myanmar

ညှိနှိုင်းဖြေရှင်းချက်များအရ အလုပ်ထုတ်ရာတွင် ကြိုတင်အကြောင်းကြားရန် ပျက်ကွက်ခြင်းကြောင့် အလုပ်သမား (၃၈)ဦးအတွက် လုပ်ခလစာနှင့် လုပ်သက်အလိုက် နစ်နာကြေးများရရှိရန် အလုပ်ရှင်အား အမှုဖွင့်ခြင်း၊ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းသဘောတူမှုအရ ကျန်အလုပ်သမားများအား အလုပ်ရှင်မှ ‌ပေးရန်ကျန်ရှိသောလုပ်အားခများနှင့် တရားဝင်အလုပ်ပြောင်းရွှေ့ခွင့် စာရွက်စာတမ်းများ အမြန်ဆုံးရရှိနိုင်ရေးတို့ပါဝင်ကြောင်း ဖော်ပြသည်။

ညှိနှိုင်းဖြေရှင်းမှုကို NUGအလုပ်သမားဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖြစ်စေလွှတ်ခဲ့သော ကိုရဲမင်း(AAC အဖွဲ့)နှင့် ဦးသက်ပိုင်မင်းတို့က စမုပရာကန်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးနှင့် ချိတ်ဆက်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းအပေါ် NUG အနေဖြင့် သက် ဆိုင်သူများနှင့် ထိုင်းအာဏာပိုင်များ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - Ministry of Labour - National Unity Government of Myanmar
ဓာတ်ပုံ – Ministry of Labour – National Unity Government of Myanmar

လက်ရှိတွင် အလုပ်ရှင်အား အမှုဖွင့်ထားသည့် အလုပ်သမား (၃၈)ဦးအတွက် တရားဝင်အလုပ်ပြောင်းရွှေ့ခွင့်ရရှိရန် စမုပရာကန်ခရိုင်၊ အလုပ်အကိုင်ဌာန(ကျဟာငန်)နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

NUG အစိုးရအလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးလျှက်ရှိရာ စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ထိုင်းအာဏာပိုင်းများနှင့် ညှိနှိုင်းဖြေရှင်းမှုအရ ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင် နဝနခွန်နယ်မြေ အီလက်ထရောနစ်စက်ရုံမှ မြန်မာအလုပ်သမား ၂၇၀ဦးအား အကြောင်းမဲ့ အလုပ်ထုတ်ခံရခြင်းအတွက် နစ်နာကြေးအဖြစ် ဘတ်ငွေငါးသန်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဆရာမ ဒေါ်အေးမာဆွေက လက်ယက်ကုန်းကျေးရွာဖြစ်စဥ်အတွက် တရားမျှတမှုနှင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေး ဆောင်ရွက်ပေးရန် နိုင်ငံတကာအသိုင်းအဝန်းကို တောင်းဆိုသည်။

သတင်း

အဆိုပါဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ရသူများပါဝင်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ည ၈ နာရီတွင် အမျိုးသားညီညွတ်​ရေးအစိုးရကဦး​ဆောင်ကျင်းပမည်ဟုသိရသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေး အင်အားစုအားလုံး စနစ်တကျနှင့် တစ်လုံး တစ်စည်းတည်းဖြစ်စေရန် ရည်ရွယ်ပြီး PDF ကို ခရိုင်အခြေပြုသည့် တပ်ရင်းတပ်ဖွဲ့များအဖြစ် ထူထောင်လျက်ရှိကြောင်း အသိပေးသည်။

သတင်း

အကြမ်းဖက်စစ်တပ်က စာသင်ကျောင်းအား လေကြောင်းမှ တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု ဖြစ်ပြီး နိုင်ငံတကာအနေဖြင့် လျစ်လျူရှုမနေသင့်ဟု ၎င်းက ဆိုသည်။