Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုနှင့်ခင်ဦးရှိ စစ်ဘေးရှောင်များ ရောဂါဘယများဖြစ်ပွားနေပြီး ဆေးဝါးအရေးပေါ် လိုအပ်နေ

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ခင်ဦးနယ်ရှိ စစ်ဘေးရှောင်ပြည်သူအချိူ့ တောထဲအလေ့ကျပေါက်သည့်မှိုများ ချက်စားမိရာ ၁၈ ဦး အစာအဆိပ်သင့်မှူ ဖြစ်ပွားခဲ့သေးသည်။

ဆေးကုသမှုလိုအပ်နေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-DUGF(KU Dragon)
ဆေးကုသမှုလိုအပ်နေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-DUGF(KU Dragon)

စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ခင်ဦးမြို့နယ်များရှိ စစ်ဘေးရှောင်ပြည်သူများ ရောဂါဘယထူပြောလာပြီး ကုသပေးရန် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုများကြောင့် ရွှေဘိုနှင့်ခင်ဦးနယ်မှ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါ စစ်ဘေးရှောင်များမှာ ရောဂါဘယများ အဖြစ်များလာ၍ အရေပြား လိမ်းဆေးများ၊ သောက်ဆေး၊ထိုးဆေး၊ ဓာတ်ဆား၊ DS.NS.RL.DW ဆက်စပ် ပစ္စည်းများ၊ ပတ်တီး၊ဆေးထိုးအပ်၊ ဂွမ်း၊ အမျိုးသမီးသုံးပစ္စည်းများ အရေးပေါ်လ်ိုအပ်နေ၍ အကူအညီပေးကြပါရန် DUGF(KU Dragon)အဖွဲ့က မေတ္တာရပ်ခံသည်။

ဆေးကုသမှုလိုအပ်နေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-DUGF(KU Dragon)
ဆေးကုသမှုလိုအပ်နေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-DUGF(KU Dragon)

DUGF(KU Dragon)အဖွဲ့ ပြန်ကြားရေးရဲဘော်တစ်ဦးက “အရေပြား ယားယံ၊ အဖူးတွေပေါက်၊ မူးလဲ အားနည်း၊ ဝမ်းလျှောတာတွေ အကြောတွေကပ်တာတို့ အမျိုးမျိုးပါပဲဗျ။ မိန်းကလေး ရောဂါတွေရော။ အာရုံကြော အားတိုးဆေးတွေ၊အားဆေးစလိုင်းတွေ လိုပါတယ်။ တောထဲ တဲထိုးနေရတာ။ ရေတွင်းကအစ လူငါးရာလောက်ကို ရေတွင်းက တစ်ခုတည်းသုံးရတာ။ အိမ်သာကတော့ တူးထားတယ်။ ဆေးဝါးပဲလိုတာ။ ဆေးမရှိ၊ ဆေးကုပေးမယ့်သူမရှိ၊

အဝေးသွားမကုရဲနဲ့ တော်တော် ဒုက္ခများကြတယ်။ စားစရာကတော့ အဆင်ပြေသလိုပေါ့

ရှိတာနဲ့ စားနေကြတာ။ မလိုအပ်ဘဲ အသက်တွေ​ ပေးနေရလို့ပါဗျ။ စစ်ဘေးရှောင်များ အရပ်ဆရာ နဲ့ ကုနေရပါတယ်။ တော်တော်ခက်ခဲနေပါတယ်။”ဟု ပြောသည်။

ဆေးကုသမှုလိုအပ်နေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-DUGF(KU Dragon)
ဆေးကုသမှုလိုအပ်နေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-DUGF(KU Dragon)

ဆေးကုသရန် စေတနာ့ဝန်ထမ်းဆရာဝန်များ လိုအပ်နေပြီး စိတ်ဝင်စားပါက ဆက်သွယ်နိုင်ကြောင်း DUGF(KU Dragon)အဖွဲ့က အသိပေးထားသည်။

လက်ရှိ စစ်ဘေးရှောင်ပြည်သူ ငါးရာခန့်ရှိပြီး ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသူများမပါသေးကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ခင်ဦးနယ်ရှိ စစ်ဘေးရှောင်ပြည်သူအချိူ့ တောထဲအလေ့ကျပေါက်သည့်မှိုများ ချက်စားမိရာ ၁၈ ဦး အစာအဆိပ်သင့်မှူ ဖြစ်ပွားခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ စစ်ဆင်ရေးအား ဒေါင်းဧကရာဇ်ပြည်သူကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်ပြည်သူကာကွယ်ရေး ၄တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်း‌ထုတ်ပြန်ထားသည်။

သတင်း

ယနေ့ (စက်တင်ဘာ၂၆ ရက်) နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် သတိပြုနေထိုင်ကြရန် Salingyi GZ Local PDFက အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သောင်းကျန်းနေ၍ ရွှေဘို-ဝက်လက်-အုန်းတောလမ်း၊ ဝက်လက်-လှတော လမ်းပိုင်းများအား ယနေ့လုံးဝ ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ဒေသတွင်းအဖွဲ့များက အသိပေးထားသည်။

သတင်း

ရွှေဘို-မန္တလေးလမ်းပေါ်၊ စိုင်နိုင်ကွေ့တွင် ယခင်ကလည်း စစ်ကောင်စီယာဥ်များ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရဖူးပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။