Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းမြောက် သိန္နီ-ကွမ်လုံကြားတွင် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရ

ရှမ်းမြောက်ဒေသ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူ ထံသို့ ဆက်သွယ်ရာ အဆက်အသွယ် မရသေးပေ။

တိုက်ခိုက်ခံရပြီးနောက် ယာဉ်တစ်စီးမီးလောင်နေစဉ်၊ဓာတ်ပုံ -CJ
တိုက်ခိုက်ခံရပြီးနောက် ယာဉ်တစ်စီးမီးလောင်နေစဉ်၊ဓာတ်ပုံ -CJ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီနှင့် ကွမ်လုံကြားတွင် စစ်ကောင်စီတပ် ယာဉ်တန်းကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

“သိန္နီက လားရှိုးကနေ ဒီဘက်ထွက်လာရင် သိန္နီပေါ့။ သိန္နီကနေ ဘယ်ဘက်ကို လမ်းခွဲတော့ ကွတ်ခိုင်-မူဆယ်ဘက်သွားတာ။ ညာဘက်ကို သွားရင် ကွမ်လုံဘက် ချင်းရွှေဟော် တရုတ်ကုန်သွယ်ရေးလမ်းကြောင်း လေ။ အခုဖြစ်တာက ကွမ်လုံဘက်သွားတဲ့ လမ်းကြောင်း သိန္နီနဲ့ ကွမ်လုံကြားပေါ့။ ၅စီးတက်လာတာ။ မိုင်းဆွဲလိုက်တာ တစ်စီး မီးလောင်တယ်ဆိုပြီး ကြားရတယ်။ အဲဒီဘက်အခြမ်းက ကိုးကန့်(MNDAA) တပ်တွေများတယ်။ အခုကKIA လို့လည်းပြောနေတာရှိတယ်” ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ကချင်သတင်းဌာန Kachinwaves ၏ ဖော်ပြချက်တွင် ယနေ့ (စက်တင်ဘာ ၂၈ရက်)နံနက် ၉နာရီခွဲတွင် စစ်ကောင်စီတပ်၏ ယာဉ် ၅စီးကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ယာဉ်တစ်စီး မီးလောင် ပျက်စီးသွားသည်ဟု တွေ့ရသည်။ ရှမ်းပြည်နယ် နမ္မတူမြို့နယ်တွင်လည်း ယမန်နေ့က စစ်ကောင်စီတပ်ကို KIAနှင့် PDF ပူးပေါင်းတတပ်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။ တိုက်ပွဲ၌ ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။

ရှမ်းမြောက်ဒေသ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူ ထံသို့ ဆက်သွယ်ရာ အဆက်အသွယ် မရသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စက်တင်ဘာ ၂၈ရက် နံနက်ပိုင်းတွင် ကြာအင်ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသရှိ ဘုရားတောင် တပ်စခန်းကို KNLA တပ်ရင်း(၁၆)က တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ယင်းကဲ့သို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး လက်နက်အကြီးအသေး (၁၁)လက် သိမ်းပိုက်ရရှိခဲ့သည်ဟု ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက အတည်ပြုပြောကြားသည်။

သတင်း

“ဒုတပ်ရင်းမှူးအပါအဝင် အကုန်လုံးသေတယ်” ဟု တပ်စုမှူးက ပြောကြားခဲ့ပြီး စခန်းကို သိမ်းပိုက်ရခြင်းမှာ ဒေသခံများ သွားလာရေး အခက်ကြုံအောင် လုပ်ဆောင်ခြင်းကြောင့်ဖြစ်သည်ဟု ရှင်းပြသည်။

သတင်း

စစ်ကောင်စီတပ်သည် အနောက်ကမ်းဖြူကျေးရွာနေ အသက်(၃၀)ဝန်းကျင်ရှိ ပြည်သူတစ်ဦးကို ညဥ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ​ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။