Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ CDM ပြုလုပ်

ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ခိုဝင်လာသော ရဲတပ်သားအား ကျပ်သိန်း၆၀ တိတိကို PDF ထီးလင်းက ဂုဏ်ပြုချီးမြင့်ခဲ့သည်။

ဓာတ်ပုံ - PDF ထီးလင်းဓာတ်ပုံ - PDF ထီးလင်း
ဓာတ်ပုံ - PDF ထီးလင်း

ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ CDM ပြုလုပ်လာကြောင်း PDF ထီးလင်းက ယနေ့(စက်တင်ဘာ ၂၈ ရက်)တွင် ထုတ်ပြန် သည်။

အဆိုပါ CDM ရဲတပ်သားသည် ဂန့်ဂေါခရိုင် တပ်ရင်း (၂၊၄)နှင့် (၁၀)သို့ ဆက်သွယ်ခဲ့ပြီး ယခုလ ၈ ရက်က CDM ပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။

ဓာတ်ပုံ - PDF ထီးလင်း
ဓာတ်ပုံ – PDF ထီးလင်း

၎င်းနှင့်အတူ BA 64 (G4)တစ်လက်၊ကျည်ဘောက် ၂ခု၊ကျည် ၂၄၈တောင့် နှင့် လှံစွပ် တစ်ချောင်း ပါရှိသည်ဟု ဖော်ပြသည်။

ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ခိုဝင်လာသော ရဲတပ်သားအား ကျပ်သိန်း၆၀ တိတိကို PDF ထီးလင်းက ဂုဏ်ပြုချီးမြင့်ခဲ့သည်။

“စစ်အာဏာရှင်ကို မကြိုက်လို့ပြည်သူ့ရင်ခွင်ကို ခိုလှုံတာပါ။ ကျွန်တော်ကိုလဲ ညီအကိုရင်းတစ်ယောက်လို ကူညီစောင့်ရှောက်ပေးပါ” ဟု CDM ရဲတပ်သားက ပြောသည်။

CDM ရဲတပ်သား၏ လုံခြုံရေးအခြေအနေကြောင့် နောက်ကျ၍သတင်းထုတ်ပြန်မှုပြုလုပ်ခဲ့ခြင်း ဟု အသိပေးသည်။

ဓာတ်ပုံ - PDF ထီးလင်း
ဓာတ်ပုံ – PDF ထီးလင်း

ထို့အပြင် ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆန္ဒရှိသောအကြမ်းဖက် စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် PDF ထီးလင်းထံ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယင်းအစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ကိစ္စများတင်ပြခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

သတင်း

CDM တပ်ကြပ်ကြီးမျိုးအောင်က စစ်ကောင်စီတပ်တွင်း အခြေအနေကိုပြောပြမည့် အင်တာဗျူးကိုလည်း မကြာမီထုတ်လွှင့်သွားမည်ဟု The Voice Of Spring က အသိပေးထားသည်။

သတင်း

စက်တင်ဘာ ၅ ရက်ကလည်း စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရဲစခန်းမှ စစ်သား နှစ်ဦးလည်း သေနတ် ၂ လက်ယူဆောင်လာပြီး CDM ပြုလုပ်ကာပြည်သူနှင့် ပူးပေါင်းခဲ့သည်။

သတင်း

အဆိုပါ ကြိတ်စခန်းကို သြဂုတ် ၈ရက်မှစ၍ ပိတ်ဆို့ကာရိက္ခာဖြတ်ပြီး တစ်လခွဲနီးပါးအကြာတွင် စခန်းသိမ်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။