Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မကြာခဏဗုံးပစ်ခံရသည့် လှိုင်မြို့နယ် လျှပ်စစ် ရုံးအနီးရှိ ဘူတာရုံလမ်းမှတ်တိုင် ဖျက်သိမ်း

လှိုင်မြို့နယ်၊ လျှပ်စစ်မီတာရုံးသည် မကြာခဏဗုံးပစ်ခံရပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်က စစ်ကောင်စီဝင်များ၏ ဘန်ကာကို ​ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အစောင့်စစ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ- ဘူတာရုံလမ်းမှတ်တိုင် ဖျက်သိမ်းကြောင်း ကြေညာထားသည့် ဆိုင်းဘုတ်အား တွေ့ရစဥ်
ဓာတ်ပုံ- ဘူတာရုံလမ်းမှတ်တိုင် ဖျက်သိမ်းကြောင်း ကြေညာထားသည့် ဆိုင်းဘုတ်အား တွေ့ရစဥ်

▪️မှတ်တိုင် ဖျက်သိမ်းသဖြင့် ဘတ်စ်ကားစီး ပြည်သူများ အခက်ကြုံ

မကြာခဏ ဗုံးပစ်တိုက်ခိုက်ခံရသည့် လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးအနီးရှိ ဘူတာရုံလမ်းမှတ်တိုင်ကို စစ်ကောင်စီက ယမန်နေ့ (စက်တင်ဘာ ၂၈) ညပိုင်း၌ ဖျက်သိမ်းလိုက်သည်။

အင်းစိန်လမ်းမရှိ ဘူတာရုံလမ်းမှတ်တိုင်တွင် “ဘူတာရုံလမ်း မှတ်တိုင် ဖျက်သိမ်းသည်။ မည်သည့်လိုင်းကားမှ မရပ်ရ”ဟု ဆိုင်းဘုတ်စိုက်၍ ဖျက်သိမ်းခဲ့သည့်အပြင် မှတ်တိုင်အနီး ဘက်စ်ကားရပ်နားရန် ပြုလုပ်ထားသည့် မျဥ်းအဝါလိုင်းများကို ဆေးအမည်းများ သုတ်၍ ဖျက်ထားကြောင်း လှိုင်မြို့နယ် ပြည်သူတစ်ဦးက ပြောသည်။

“လိုင်းကားတွေကို ဘူတာရုံလမ်းမှာ လုံးဝ ပေးမရပ်တော့ဘူး။ ရပ်ရင် ပစ်မယ်လို့လဲ စစ်သားတွေက ဘက်စ်ကားဆရာတွေကို ပြောထားတယ်ကြားတယ်။ အခု လှည်းတန်းကနေ ဘူတာရုံလမ်းဘက်ကို ပြန်ရင် သုခ သို့မဟုတ် ဆင်ရေတွင်း မှတ်တိုင်မှာပဲ ခရီးသည်တွေက အဆင်းအတက် လုပ်ရတော့တယ် “ဟု ၎င်းက ပြောသည်။

လှိုင်မြို့နယ်၊ လျှပ်စစ်မီတာရုံးသည် မကြာခဏဗုံးပစ်ခံရပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်က စစ်ကောင်စီဝင်များ၏ ဘန်ကာကို ​ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အစောင့်စစ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုသို့ ဗုံးပစ်ခံရပြီး နောက်ရက်တွင် စစ်ကောင်စီက ဘူတာရုံလမ်း မှတ်တိုင်ကို ဖျက်သိမ်းခဲ့သဖြင့် အဆိုပါလမ်း ဘက်စ်ကားစီး ပြည်သူများမှာ အခက်ကြုံရကြောင်း လှိုင်မြို့နယ်ရှိ ပြည်သူများက ပြောသည်။

“အလုပ်ကနေ မောမောပန်းပန်းနဲ့ ဘူတာရုံလမ်းနားက အိမ်ကို ပြန်လာတာ ဘက်စ်ကားက မရပ်ရတော့ အဝေးကြီး လမ်းလျှောက်လိုက်ရတယ်။ ဘူတာရုံလမ်း မှတ်တိုင်ကနေလည်း အိမ်ကို ထပ်လျှောက်ရတော့ အိမ်ရောက်ဖို့ကို နာရီဝက်လောက် နီးပါး သွားရတာ တော်တော်မလွယ်ပါဘူး။ ဒီလိုစိတ်ကူးမျိုး၊ ဥာဏ်မမှီပုံမျိုးနဲ့ နိုင်ငံကို အုပ်ချုပ်ချင်နေသေးတယ် ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(စက်တင်ဘာ ၁၇ ရက်) နံနက် ၈နာရီခန့်တွင် လှိုင်မြို့နယ် (၁၃)ရပ်ကွက် ရတနာလမ်း ပေါ်တွင် ရာအိမ်မှူးအောင်စိုးမှာ သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံရခြင်းဟု ဆိုသည်။

သတင်း

ထိခိုက်မှုအခြေအနေ မသိရသေးဘဲ ထိုတိုက်ခိုက်မှုကို Monywa Fright Group၊ Monywa Ninja Team၊ Nation People Defence Force အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။

သတင်း

သထုံမြို့နယ် (ပကဖ)က နန်းထိုက်အောင်စစ်ဆင်ရေး အဖြစ် လက်ပစ်ဗုံး နှစ်လုံးဖြင့်မီတာရုံးကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

"စခများအလိုကျ ငွေတောင်းခံခြင်း၊ မီးဖျက်ခြင်းနှင့် CDM မလုပ်သော ဝန်ထမ်းများကို ထပ်မံသုတ်သင်ရှင်းလင်းသွားမည် ဖြစ်ပါသည်"ဟု ဒေါင်းစစ်သည်အဖွဲ့က ​ဖော်ပြထားထားသည်။