Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင် မဲဝိုင်နှင့်ခေါပုပ် တပ်စခန်းကို KNU တပ်မဟာ(၅)တိုက်ခိုက်ရာ စစ်ကောင်စီတပ် သေဆုံးမှုရှိ

စက်တင်ဘာ ၂၇ရက်ကလည်း ဖာပွန်ခရိုင် လူသောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

(KNU တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - အေအက်ပီ)
(KNU တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - အေအက်ပီ)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် အတွင်းရှိ စစ်ကောင်စီ၏ ခေါပုပ်စခန်းနှင့် မဲဝိုင်စခန်းအား ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု KNU တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

ခေါပုပ်စခန်းအား ယမန်နေ့ နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်းတွင် မဲဝိုင်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ပြီး တပ်မဟာ(၅) ရဲဘော်များ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

စက်တင်ဘာ ၂၇ရက်ကလည်း ဖာပွန်ခရိုင် လူသောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်တို့သည် ဖာပွန်ခရိုင် အတွင်း နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး KNU တပ်မဟာ (၅)ရဲဘော်များ၏ ခြုံခိုတိုက်ခိုက်မှုများကြောင့်စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ခိုက်မှုအပြီး နိုင်ကျဉ်း ၈ ဦးထွက်ပြေးခဲ့ပေမယ့် ၆ ဦးပြန်ဖမ်းခံရကာ ၂ ဦးကိုသာလုံခြုံတဲ့နေရာဆီပို့ဆောင်ပေးလိုက်နိုင်တယ်လို့Truth Keeping Force – Amarapura ဆိုပါတယ်။

သတင်း

မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပစ်ခတ်မှုနှင့်ပတ်သက်၍ သတင်းမရသေးကြောင်း ပြောကြားသည်။

သတင်း

ယမန်နေ့(စက်တင်ဘာလ ၂၈ရက်)တွင်လည်း စစ်ကောင်စီတပ်က ထနောင်းတောတောင်ရွာကို ပစ်ခတ်ဝင်ရောက်ကာ နေအိမ် သုံးလုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

သတင်း

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း (၅)-Aung San Force-ASF နှင့်အတူ Special Guerilla Force Monywa၊ မုံရွာခရိုင် တပ်ရင်း ၈/တပ်ရင်း ၉/တပ်ရင်း (၁၀)- Farmers Revolution Force - (FRF)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။