Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ဒဂုံရှိ မြန်မာဘီယာရောင်းချသည့် KTV ဆိုင်အား ဖောက်ခွဲသတိပေး၊ ထွေအုပ်ဝန်ထမ်းတစ်ဦးလည်း ရှင်းလင်းခံရ

ဒေါ်နွယ်နီလှိုင်နှင့် အတူပါလာသော ထွေအုပ်ရုံးဝန်ထမ်း အကြိုအပို့ လုပ်သူတစ်ဦးမှာ မိမိတို့ တပ်ဖွဲ့ဝင်များကို တုံပြန်ရန်ရှာရန်ပြုမူသဖြင့် သေနတ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်သတိပေးခဲ့ကြောင်းလည်း SDGF အဖွဲ့က ဆိုသည်။

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် စစ်ကောင်စီအား အခွန်ဆောင်ကာ မူးယစ်ဆေးဝါးနှင့် စစ်တပ်ပိုင် မြန်မာဘီယာ အဓိကရောင်းချနေသော Good Luck KTV ဆိုင်အား ဖောက်ခွဲခဲ့ပြီး စစ်ကောင်စီ သတင်းပေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်း ဒေါ်နွယ်နီလှိုင်ဆိုသူအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း South Dagon Guerrilla Force (SDGF) အဖွဲ့က ပြောသည်။

ယနေ့ (စက်တင်ဘာ ၂၉) နံနက် ၄နာရီခန့်တွင် တောင်မြောက်လမ်းဆုံ အနီး အမှတ် (၂)လမ်းမကြီးပေါ်ရှိ Good Luck KTV ဆိုင်အား ဒို့ရိုးရာ ညီနောင် များ ပြောက်ကျားတပ်ဖွဲ့နှင့်အတူပူးပေါင်း၍ သတိပေး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း SDGFက ထုတ်ပြန်ထားသည်။

တောင်ဒဂုံရှိ မြန်မာဘီယာရောင်းချသည့် KTV ဆိုင်အား ဖောက်ခွဲသတိပေး၊ ထွေအုပ်ဝန်ထမ်းတစ်ဦးလည်း ရှင်းလင်းခံရ
တောင်ဒဂုံရှိ မြန်မာဘီယာရောင်းချသည့် KTV ဆိုင်အား ဖောက်ခွဲသတိပေး၊ ထွေအုပ်ဝန်ထမ်းတစ်ဦးလည်း ရှင်းလင်းခံရ

အဆိုပါ Good Luck KTV ပိုင်ရှင်သည် စစ်ကောင်စီနှင့် ဆက်နွယ်သူတစ်ဦးဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီအား ထောက်ပို့ကူညီနေသော ဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်ခြင်းအား ရပ်တန့်ဆင်ခြင်ရန် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်က သတိပေးခဲ့ပြီး ဖြစ်ကြောင်း SDGF က ဆိုသည်။

အလားတူ ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် တောင်ဒဂုံမြို့နယ် (၂၅)ရပ်ကွက်၊ ထားဝယ်လမ်းနှင့် ဇီဇဝါ (၂)လမ်းထောင့်အနီးတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားဖြစ်သည့် မြို့နယ်ထွေအုပ်ရုံးနှင့် ကြံခိုင်ရေးပါတီရုံးဝန်ထမ်းအဖြစ် လုပ်ဆောင်နေသည့် သတင်းပေး ဒေါ်နွယ်နီလှိုင်အား သေနတ်ဖြင့် ၅ ချက်ပစ်ကာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း SDGF က ထပ်မံထုတ်ပြန်သည်။

ဒေါ်နွယ်နီလှိုင်နှင့် အတူပါလာသော ထွေအုပ်ရုံးဝန်ထမ်း အကြိုအပို့ လုပ်သူတစ်ဦးမှာ မိမိတို့ တပ်ဖွဲ့ဝင်များကို တုံပြန်ရန်ရှာရန်ပြုမူသဖြင့် သေနတ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်သတိပေးခဲ့ကြောင်းလည်း SDGF အဖွဲ့က ဆိုသည်။

“ဒေါ်နွယ်နီလှိုင်ကြောင့် ကျွန်တော်တို့ မဟာမိတ်ရဲဘော်အများအပြား တိမ်းရှောင်နေရတာ ယနေ့ထိပါပဲ။ သူမက ဒလန်အပြင် တပ်ထောက်ခံပွဲတွေကို ဦးဆောင်လူစုပေးတဲ့သူလဲ ဖြစ်ပါတယ်။ ရန်သူဟာ တစ်ကျပ်လှူရုံနဲ့ ရန် ငါပြတ်သလို ကျွန် တော်တို့လည်း ပြတ်ပြတ်သားသား ဆက်လက် တော်လှန်သွားပါမယ် “ဟု စစ်ဆင်ရေးတာဝန်ခံ K က ပြောသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီနှင့် သက်ဆိုင်သော စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ထောက်တိုင်များနှင့် အတတ်နိုင်ဆုံး ပတ်သက်ဆက်နွယ်မှုများ မပြုရန် SDGFက အသိပေး တောင်းဆိုခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဝင်များ ထိခိုက်မှု တစ်စုံတစ်ရာ သိရှိရခြင်းမရှိသေးသော်လည်း ရဲဘော်များအနေဖြင့် ထိခိုက်မှုမရှိ၊ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Last Battle (PDF) အဖွဲ့ တာဝန်ခံ သက္ကရာဇ်က ​ပြောသည်။

သတင်း

ယမန်နေ့(စက်တက်ဘာ ၂၅ ရက်) ညနေ ၆ နာရီခွဲခန့်က ပေါက်ခေါင်းမြို့ပေါ်ရှိ လဝကရုံးနှင့် စည်ပင်ရုံးတို့ကို တပြိုင်နက်တည်း ဝင်ရောက်မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း အသိပေးသည်။

သတင်း

တောင်သာနယ်သည် စစ်တပ်၏ ဝန်ကြီးဟောင်း ဦးအောင်သောင်းဇာတိဖြစ်ပြီး ယခင်က ပြည်ခိုင် ဖြိုးထောက်ခံသူများပြားခဲ့သည့် နယ်တစ်ခုဖြစ်ခဲ့သည်။