Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အချုပ်ကားကို မြို့ပြပြောက်ကျားအဖွဲ့စောင့်ကြိုတိုက်ခိုက်ပြီး နိုင်ကျဉ်းတွေကို ကယ်ထုတ်

တိုက်ခိုက်မှုအပြီး နိုင်ကျဉ်း ၈ ဦးထွက်ပြေးခဲ့ပေမယ့် ၆ ဦးပြန်ဖမ်းခံရကာ ၂ ဦးကိုသာလုံခြုံတဲ့နေရာဆီပို့ဆောင်ပေးလိုက်နိုင်တယ်လို့Truth Keeping Force – Amarapura ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့အချုပ်ကားကိုတွေ့ရစဉ် (ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့အချုပ်ကားကိုတွေ့ရစဉ် (ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ

မန္တလေး၊ အမရပူရမြို့နယ် အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို တင်ဆောင်လာတဲ့ အချုပ်ကားကို မြို့ပြပြောက်ကျားအဖွဲ့က တိုက်ခိုက်ပြီး နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ကယ်ထုတ်သွားခဲ့တယ်လို့တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့တဲ့ Truth Keeping Force – Amarapura ကသတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မနက်ပိုင်း ၉ နာရီခန့်က မြစ်ငယ်တံတားအနီးအချုပ်ကားကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

အချုပ်ကားပေါ်မှာလုံခြုံရေးလိုက်ပါလာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရဲ ၂ ဦးသေကာ နိုင်ကျဉ်း ၁ ဦးဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

တိုက်ခိုက်မှုအပြီး နိုင်ကျဉ်း ၈ ဦးထွက်ပြေးခဲ့ပေမယ့် ၆ ဦးပြန်ဖမ်းခံရကာ ၂ ဦးကိုသာလုံခြုံတဲ့နေရာဆီပို့ဆောင်ပေးလိုက်နိုင်တယ်လို့Truth Keeping Force – Amarapura ဆိုပါတယ်။

ပြန်လည်ဖမ်းဆီးခံလိုက်ရတဲ့ နိုင်ကျဉ်း ၆ ဦးကို နှိပ်စက်ညှင်းပန်းပြီး စစ်အုပ်စုက လက်စဖျောက်လိုက်မှာကိုစိုးရိမ်ရတယ်လို့ လည်း ပြောထားပါတယ်။

အချုပ်ကားဟာ ကျောက်ဆည်ရဲစခန်းအချုပ်မှာ ချုပ်နှောင်ထားတဲ့ နိုင်ကျဉ်း ၈ ဦးကို အိုးဘိုထောင်ဆီ ရွှေ့ဖို့သယ်ဆောင်လာတဲ့ကားလည်းဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စက်တင်ဘာ ၂၇ရက်ကလည်း ဖာပွန်ခရိုင် လူသောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

သတင်း

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း (၅)-Aung San Force-ASF နှင့်အတူ Special Guerilla Force Monywa၊ မုံရွာခရိုင် တပ်ရင်း ၈/တပ်ရင်း ၉/တပ်ရင်း (၁၀)- Farmers Revolution Force - (FRF)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သတင်း

"ပြန်မပစ်ဘူးဗျ ။စခန်းထဲမှာ​​တော့ဆူညံ​နေတာပဲ ။ ရန်သူ​သေတာကို​တော့ တပ်တွင်းသတင်း​ပေးကတစ်ဆင့်သိရတာပါ" ဟု အထက်ပါ ပြန်ကြား​ရေးတာဝန်ခံက​ပြောသည်။

သတင်း

စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တို့အနေဖြင့် တပ်မဟာ(၅)နယ်မြေတွင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေသည်ဟု ဆိုသည်။