Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီတပ်သားတစ်ဦး ထပ်သေဟု ကော်ဘရာစစ်ကြောင်းအသိပေး

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း စစ်မြေပြင်သတင်း အတည်ပြုချက်ရရှိသည်ဟု ထုတ်ပြန်ထားပြီး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

(ကော်ဘရာစစ်ကြောင်းမှ စနိုက်ပါဖြင့် ပစ်ခတ်နေသော ရဲဘော်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကော်ဘရာစစ်ကြောင်းမှ စနိုက်ပါဖြင့် ပစ်ခတ်နေသော ရဲဘော်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️၁၀ရက်အတွင်း စစ်ကောင်စီတပ် ၂၅ဦးထက်မနည်းသေဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ မြ၀တီ – ဝေါ်လေလမ်း တောင်နီရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၉ ရက်တွင် တောင်နီရွာအနီးရှိ စစ်ကောင်စီ၏ ခမရ(၁၀၄) တပ်အား KNLA တပ်ရင်း (၂၇)ကော်ဘရာစစ်ကြောင်း၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ(၂)တို့မှ လက်ဖြောင့် စနိုက်ပါ စစ်သည်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း စစ်မြေပြင်သတင်း အတည်ပြုချက်ရရှိသည်ဟု ထုတ်ပြန်ထားပြီး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

အဆိုပါဒေသတွင် ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါများ အသုံးပြု တိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၂၀ရက်မှ ယနေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက နေ့အလိုက်သတင်းထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပစ်ခတ်မှုနှင့်ပတ်သက်၍ သတင်းမရသေးကြောင်း ပြောကြားသည်။

သတင်း

ယမန်နေ့(စက်တင်ဘာလ ၂၈ရက်)တွင်လည်း စစ်ကောင်စီတပ်က ထနောင်းတောတောင်ရွာကို ပစ်ခတ်ဝင်ရောက်ကာ နေအိမ် သုံးလုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

သတင်း

စက်တင်ဘာ ၂၇ရက်ကလည်း ဖာပွန်ခရိုင် လူသောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

သတင်း

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း (၅)-Aung San Force-ASF နှင့်အတူ Special Guerilla Force Monywa၊ မုံရွာခရိုင် တပ်ရင်း ၈/တပ်ရင်း ၉/တပ်ရင်း (၁၀)- Farmers Revolution Force - (FRF)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။