Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်စွဲထားသည့် အုပ်ကြီးအိမ် နွားထိုးကြီး PDFဝင်ပစ်၊ အုပ်ကြီးထွက်ပြေးပြီး သေနတ် (၇)လက်သိမ်းဆည်းနိုင်ခဲ့

ဖြစ်စဥ်နှင့်ပတ်သက်၍ နွားထိုးကြီး PDFအား ဆက်သွယ်မေး​မြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

သိမ်းဆည်းရမိသောလက်နက်များ၊ ဓာတ်ပုံ-Natogyi PDF
သိမ်းဆည်းရမိသောလက်နက်များ၊ ဓာတ်ပုံ-Natogyi PDF

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပျော်ဘွယ်စံပြကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအား လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်များ မရှိချိန်တွင် နွားထိုးကြီး PDFက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး ထွက်ပြေးခဲ့ရပြီး လက်နက် (၇)လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ စက်တင်ဘာ၂၉ရက် မွန်းလွဲ ၁ နာရီခန့် မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြရွာ စစ်​​​ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်များမရှိချိန်တွင် နွားထိုးကြီး PDFက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ

Public Service Announcement
Public Service Announcement

ခန့်အုပ်ချုပ်ရေးမှူး ထွက်ပြေးသွားခဲ့ကြောင်း မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

သို့သော် သေနတ် (၇)လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း နွားထိုးကြီး PDFက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ နွားထိုးကြီး PDFအား ဆက်သွယ်မေး​မြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

ပျော်ဘွယ်စံပြရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအိမ်မှာ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပထမအကြိမ်ကလည်း စစ်ဗိုလ်တစ်ဦးသေဆုံးခဲ့ပြီးသေနတ် ရရှိခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် စက်တင်ဘာ၂၅ ရက်မှစတင်ကာ ဝက်လက်မြို့နယ်၊ ရွှေဘို- မန္တ​လေးလမ်းပိုင်းရှိ ရွာသစ်ကြီးကျေးရွာကို အကြမ်းဖက်ပစ်ခတ် တပ်စွဲထားပြီး ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေ၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆောင်းပါး

အာဏာသိမ်းစစ်​ကောင်စီက ပြည်တွင်းဘဏ်စနစ်ကို ဖျက်ဆီးခဲ့ပြီး​နောက် ထပ်မံဖျက်ဆီးဖို့အလှည့်ကျလာသူမှာဒစ်ဂျစ်တယ်ငွေပေးချေစနစ်ဖြစ်​တော့သည်။

သတင်း

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း စစ်မြေပြင်သတင်း အတည်ပြုချက်ရရှိသည်ဟု ထုတ်ပြန်ထားပြီး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

သတင်း

မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပစ်ခတ်မှုနှင့်ပတ်သက်၍ သတင်းမရသေးကြောင်း ပြောကြားသည်။