Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝမ်းတွင်းတွင် ဂိမ်းဆော့ပြန်လာသည့်လူငယ်များအား စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံး၊ နှစ်ဦးဖမ်းဆီးခံရ

မန္တလေးတိုင်းရှိ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ်အား မကြာခဏ ခုခံတိုက်ခိုက်မှုများဖြစ်ပွားနေသည်။

ဝမ်းတွင်းတွင် ဂိမ်းဆော့ပြန်လာသည့်လူငယ်များအား စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံး၊ နှစ်ဦးဖမ်းဆီးခံရ
ဝမ်းတွင်းတွင် ဂိမ်းဆော့ပြန်လာသည့်လူငယ်များအား စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံး၊ နှစ်ဦးဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဂိမ်းဆော့ပြီးပြန်လာသည့် လူငယ်လေးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာ ၂၇ ရက် ည၁၁နာရီ မိနစ် ၅၀ခန့်က ဝမ်းတွင်းမြို့တောင်ဘက်အထွက်၊ လျှော်ပင်ကျေးရွာမြောက်ဘက်၌ လူငယ်လေးဦးသည် တိမ်တောင်ဘုရား၌ ဂိမ်းဆေ့ာပြီးအပြန်တွင် စစ်ကောင်စီတပ်သားများလိုက်လံပစ်ခတ်ရာ တစ်ဦးသေဆုံးခဲ့ကြောင်း၊ နှစ်ဦးဖမ်းဆီးခံလိုက်ရပြီး တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း Voice Of Wundwin က ပြောသည်။

“ဆုံးပါးသွားတဲ့ လူငယ်လေးက ရွာသစ်ကျေးရွာကဖြစ်ပြီး အဖမ်းခံရတဲ့လူငယ်နှစ်ယောက်ကတော့ ဆေးရုံတင်ထားရတယ်လို့သိရတယ်။ ထိုလူငယ် နှစ်ယောက်ကတော့ တောင်ဇချမ်းကုန်းကျေးရွာက လို့သိရပါတယ်။”ဟု Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယနေ့ (စက်တင်ဘာ ၂၉ ရက်) နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က တောင်ဇချမ်းကုန်းကျေးရွာသို့ ရောက်ရှိလာပြီး ပြည်သူအချို့အား ဖမ်းဆီးသွားကြောင်း၊ တမာကုန်းကျေးရွာတွင် ဂိတ်ချ၍ အစစ် ဆေးများကြမ်းနေပြီး ဝမ်းတွင်းမြို့နှင့် မိတ္ထီလာမြို့တွင်လည်း နေရာအနှံ့ လှည့်လည်နေကြောင်း ဒေသခံများက ပြောသည်။

မန္တလေးတိုင်းရှိ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ်အား မကြာခဏ ခုခံတိုက်ခိုက်မှုများဖြစ်ပွားနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

နံနက်(၈)နာရီခွဲမှ (၉)နာရီခွဲအထိ (၁)နာရီခန့်ကြာမြင့်သည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးနှင့် တစ်ဦးထိခိုက်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့များဘက်မှာတော့ ထိခိုက်မှု တစ်စုံတစ်ရာမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချန်တွင် ဖော်ပြထားသည်။

သတင်း

စက်တင်ဘာ ၂၇ရက်ကလည်း ဖာပွန်ခရိုင် လူသောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

သတင်း

စက်တင်ဘာ ၂၃ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃စီးဖြင့် နာရီဝက်ကြာ ဗုံးကြဲတိုက်ခိုက်လာရာ မောင်တောမြို့နယ် လက်ပံတောင်ကြောပေါ်ရှိ အကျဉ်းထောင် ၂ခုအားထိမှန် ကာ အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့်တပ်ဖွဲဝင်နှင့်အခြားသောအကျဉ်း သားအချို့ သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

ထို့အပြင် လက်နက်ကြီးကျည်ကျ၍ သေ့ဘော့ဘိုးကျေးရွာ ဘုန်းကြီးကျောင်းအား ထိမှန်ပျက်စီးမှုများရှိခဲ့ပြီး ဘလက်တို ကျေးရွာရှိ ဒေသခံ ပြည်သူများ၏ နေအိမ်များ ၊ အဆောက်အဦးများ ပျက်စီးခဲ့ရကြောင်း အသိပေးထုတ်ပြန်ထား သည်။