Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်လေဆိပ်တွင် MNA ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရပြီး နှစ်ဦးဒဏ်ရာရ

“လေယာဉ်ဝမ်းဗိုက်ကနေ ဖောက်ဝင်သွားတာ။တစ်ယောက်ထိတယ် အခြေအနေကို မသိရသေးဘူး”ဟု လွိုင်ကော်မြို့နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရသည့် ခရီးသည်လေယာဉ်ပေါ်မှ မြင်ကွင်းဖြစ်သည်။ ဓာတ်ပုံ- Kyaw Ko Ko Tin/FB)
(ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရသည့် ခရီးသည်လေယာဉ်ပေါ်မှ မြင်ကွင်းဖြစ်သည်။ ဓာတ်ပုံ- Kyaw Ko Ko Tin/FB)

ကရင်နီပြည်နယ် လွိုင်ကော်မြို့လေဆိပ်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ခရီးသည်တင်လေယာဉ်တစ်စီး ပစ်ခတ်ခံရပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက အတည်ပြုသည်။

ယနေ့(စက်တင်ဘာ ၃၀ရက်)ရန်ကုန်မြို့မှ ပျံသန်းလာသည့် ခရီးသည်လေယာဉ်မှာ လွိုင်ကော် မြို့ လေယာဉ်ကွင်းသို့ ဆင်းသက်စဉ် နံနက် ၈နာရီ ၅၀မိနစ်ခန့်က ပစ်ခတ်ခံရခြင်းဟု ဆိုသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ခရီးသည်တင်လေယာဉ် ATR-72 လေယာဉ်အမှတ် XY-EAL သည် လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဥ် ပစ်ခတ်ခံရပြီး လေယာဥ်ပေါ်ပါရှိသူ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု လွိုင်ကော်လေဆိပ်ဝန်ထမ်းတစ်ဦးက အတည်ပြုသည်။

ကျည်ထိမှန်ဒဏ်ရာရရှိသူနှစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးဘဲ မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို လူထုနွေဦးအနေဖြင့် အတည်ပြုနေဆဲ ဖြစ်သည်။

(ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရသည့် ခရီးသည်လေယာဉ်ပေါ်မှ မြင်ကွင်းဖြစ်သည်။ ဓာတ်ပုံ- Kyaw Ko Ko Tin/FB)
(ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရသည့် ခရီးသည်လေယာဉ်ပေါ်မှ မြင်ကွင်းဖြစ်သည်။ ဓာတ်ပုံ- Kyaw Ko Ko Tin/FB)

“လေယာဉ်ဝမ်းဗိုက်ကနေ ဖောက်ဝင်သွားတာ။တစ်ယောက်ထိတယ် အခြေအနေကို မသိရသေးဘူး”ဟု လွိုင်ကော်မြို့နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ ခရီးသည်လေယာဉ်ပစ်ခတ်ခံရသည့် လွိုင်ကော်လေယာဉ်ကွင်းသည် စစ်ကောင်စီတပ်စွဲထားသည့် နေရာတစ်ခုဖြစ်ပြီး ကရင်နီဒေသတွင်း လက်နက်ခဲယမ်းများ ဖြည့်တင်းရန် ထောက်ပို့သည့် အဓိကနေရာဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“လွိုင်ကော်လေဆိပ်က စကစက တပ်စွဲထားတဲ့နေရာပါ။အခု လေယာဉ်ကို ထိတဲ့ပုံစံကလည်း လေယာဉ်ကွင်းထဲကနေ ကျည်ထွက်ပြီး ထိတဲ့ အနေအထားပဲ။ကရင်နီတပ်တွေကတော့ ပစ်မယ် ဆိုရင်တောင် စကစနဲ့ ဆက်စပ်တာကိုပဲ ပစ်မှာပါ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ရှင်းပြသည်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)ကလည်း “Loikawမှာ ဒီမနက် ခရီးသည်လေယာဉ်အပစ်ခံရ”ဟု အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကျည်ထိမှန်ခဲ့သူနှစ်ဦးဟာ ဆိုက္ကားဆရာတစ်ဦးနှင့် အခြားအရပ် သားတစ်ဦးဖြစ်ပြီး ရဲတွေကိုဝင်ပစ်တဲ့ အဲဒီလူတွေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်ခတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သတင်း

"အဆိုပါ တိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်မှ (၅) ဦးထက်မနည်းထိခိုက်သေဆုံးခဲ့သည်"ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊တပ်ရင်း(၁)က ဖော်ပြသည်။

သတင်း

ကရင်နီတပ်မတော်(KA)အပြင် PDF များနှင့် KNDF တို့မှ ပူးပေါင်းဆင်နွှဲခြင်းဖြစ်ပြီး လွိုင် ကော် PDF မှ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စနစ်တကျ ဆေးကုသမှုကို ခံယူလျက်ရှိကြောင်း အသိပေးသည်။

သတင်း

စက်တင်ဘာ ၂၃ရက် နေ့လည်ပိုင်းက သပိတ် တောင် မူဆလင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ် ပြီး ဒေသခံ ၁၀ဦးခန့်ကို ဖမ်းသွားသည်ဟု ဆိုသည်။