Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းလုံးနှင့် ပုလောမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးသေ

ပုလောနှင့်လောင်းလုံးမြို့အပါအဝင် တနင်္သာရီတိုင်းဒေသကြီးသည် စစ်အာဏာရှင်တော်လှန်ရေးတွင် လက်နက်ကိုင်တိုက်ခိုက်မှုရော လူထုသပိတ်ပါအားကောင်းသည့်ဒေသ ဖြစ်သည်။

Update News
Update News

တနင်္သာရီတိုင်း လောင်းလုံးနှင့် ပုလောမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး ပြည်သူစစ်နှစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

“ပုလောမှာက မိုင်းဆွဲခံရတာ။ လောင်းလုံးမှာက အနီးကပ် တိုက်ခိုက်ခံရတာ။ ပြည်သူ့စစ်နှစ်ဦးသေတယ်။ပစ်တဲ့အဖွဲ့ကတော့ ဘာမှ မထိခိုက်ဘူး “ဟု စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေဆဲ ထွေအုပ်ဝန်ထမ်းတစ်ဦးက ပြောသည်။

ပုလောမြို့နယ်အတွင် မိုင်းဆွဲတိုက်ခိုက်မှုသည် ယနေ့(စက်တင်ဘာ ၃၀ရက်)နံနက် ၁၀နာရီခန့်တွင် ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်များက ကားနှစ်စီးဖြင့် လာရောက်စဥ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခြင်းဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်သူ့စစ်တစ်ဦးသေပြီး အရပ်သားအမျိုးသမီးတစ်ဦးလည်း မိုင်းထိမှန်သွားသည်ဟု သတင်းရရှိသည်။

ထိူ့အပြင် လောင်းလုံမြို့နယ်အတွင်း တိုက်ပွဲသည် ၂၀၁၈က စစ်တပ်ပိုင် Y8 လေယာဥ်ပျက်ကျသည့် ကျောက်နီမော်ကျေးရွာတွင် ယနေ့နံနက် ၉နာရီခန့်က ဖြစ်ခဲ့သည်။

“ကျောက်နီမော်က ပြည်သူ့စစ်အဖွဲ့ကို ဝင်တိုက် တာ။တစ်ယောက်သေတယ်။ ပြည်သူ့ရဲဘော်တွေကတော့ အထိအခိုက်မရှိခဲ့ဘူး”ဟု လောင်းလုံးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ပုလောနှင့်လောင်းလုံးမြို့အပါအဝင် တနင်္သာရီတိုင်းဒေသကြီးသည် စစ်အာဏာရှင်တော်လှန်ရေးတွင် လက်နက်ကိုင်တိုက်ခိုက်မှုရော လူထုသပိတ်ပါအားကောင်းသည့်ဒေသ ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် မြိုင်မြို့နယ်အနောက်ပိုင်း၊ ကျောက်ခွက်ကျေးရွာသို့ စက်တင်ဘာ ၂၅ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့စဥ် ကျောက်ခွက်ရွာအရှေ့ထိပ်တွင် မြိုင်(ပကဖ)နှင့် မဟာမိတ်တပ်ဖွဲ့များက မိုင်းသုံးလုံးဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၉ရက်တွင် ထီးချိုင့်မှ ထွက်ခွာလာရာ ပေါက်ကုန်းရွာအဝင်နားတွင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု Tigyaing Revolution က သတင်းဖော်ပြသည်။

သတင်း

စစ်ကောင်စီတပ်များသည် လမိုင်းကျေးရွာ တံတားအနီးသို့လာရောက်၍ မကြာခဏ ပြည်သူလူထုအား အနိုင်ကျင့်ဖမ်းဆီးတတ်သည့်အပြင် ဖမ်းဆီးငွေညှစ်မှုများလုပ် ဆောင်နေခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နတ်ဆိုးအဖွဲ့က ပြောသည်။

သတင်း

"ညာဘက်ပါးကို ကျည်ဆံဝင်သွားတာ။အခုလက်ရှိ စစ်ဆေးရုံမှာ ကုနေတယ်"ဟု လွိုင်ကော်မြို့အခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။