Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့တွင် ၂၄နာရီအတွင်း စစ်တပ်တပ်စွဲရာနေရာနှစ်ခုကို ဒေသကာကွယ်ရေးအဖွဲ့ တိုက်ခိုက်

အဆိုပါစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) တပ်ခွဲ (၄) Fight For People နှင့် မုံရွာမြို့ ပြောက်ကျားတပ်ဖွဲ့များဖြစ်သော ဗိုလ်ပေါက်ကြား၊ ဗိုလ်ဗျတ်ဝိ၊ Black Rose တို့ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

မုံရွာမြို့ပေါ်တွင်တွေ့ရသည့် စစ်ကောင်စီတပ်များ၊ ဓာတ်ပုံ - ဒေသတွင်းသတင်းသမား(ပုံအဟောင်းကို အသုံးပြုထားပါသည်)
မုံရွာမြို့ပေါ်တွင်တွေ့ရသည့် စစ်ကောင်စီတပ်များ၊ ဓာတ်ပုံ - ဒေသတွင်းသတင်းသမား(ပုံအဟောင်းကို အသုံးပြုထားပါသည်)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ၂၄နာရီအတွင်း စီးပွားရေးတက္ကသိုလ်နှင့် စီးပွားရေးဘဏ်၌ စစ်ကောင်စီတပ်စွဲရာ နှစ်နေရာအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(စက်တင်ဘာလ ၂၉ ရက်) ည ၇ နာရီအချိန်က မုံရွာမြို့ စီးပွားရေးတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ရဲများအား လက်လုပ် (၄ဝ)မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကြောင်း Chindwin Attack Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) တပ်ခွဲ (၄) Fight For People နှင့် မုံရွာမြို့ ပြောက်ကျားတပ်ဖွဲ့များဖြစ်သော ဗိုလ်ပေါက်ကြား၊ ဗိုလ်ဗျတ်ဝိ၊ Black Rose တို့ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ယနေ့ ညနေ ၆ နာရီ ၁၀မိနစ်ခန့်ကလည်း Chindwin Attack Force တပ်ရင်း (၂) မုံရွာစီးပွားရေးဘဏ်တွင် ခြင်းခတ်နေသော စစ်ကောင်စီတပ်သား လေးဦး၊ သဲအိတ်အကာဖြင့် ကင်းစောင့်နေသော စစ်သားတစ်ဦး၊ ယာဥ်ထိန်းရဲကင်းရှေ့ လက်နက်ကိုင်ကာကင်းစောင့်နေသော စစ်သားတစ်ဦး စုစုပေါင်း ခြောက်ဦးအား ပြောက်ကျားစစ်ဖြင့် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သား ခြောက်ဦးလုံးသေဆုံးသွားကြောင်း Chindwin Attack Forceအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုစစ်ဆင်ရေးကို Chindwin Attack Force တပ်ရင်း (၂) တပ်ရင်း (၃) တပ်ရင်း (၄) ၏ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့( Chindwin Attack Force IO) အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၏ သတင်းပေးအတည်ပြုချက်အရ တပ်ရင်း (၃) တပ်ရင်း (၄) ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boysအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးများတွင် မဟာမိတ်တပ်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Chindwin Attack Force က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုအခြေအနေ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပုလောနှင့်လောင်းလုံးမြို့အပါအဝင် တနင်္သာရီတိုင်းဒေသကြီးသည် စစ်အာဏာရှင်တော်လှန်ရေးတွင် လက်နက်ကိုင်တိုက်ခိုက်မှုရော လူထုသပိတ်ပါအားကောင်းသည့်ဒေသ ဖြစ်သည်။

သတင်း

စက်တင်ဘာ ၃၀ရက် နံနက် ၁၀နာရီ ကျော်အချိန်တွင် ခေါဇာမှ ရေးမြို့သို့ တက်လာသည့် ရဲကားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

နံနက်(၈)နာရီခွဲမှ (၉)နာရီခွဲအထိ (၁)နာရီခန့်ကြာမြင့်သည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးနှင့် တစ်ဦးထိခိုက်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့များဘက်မှာတော့ ထိခိုက်မှု တစ်စုံတစ်ရာမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချန်တွင် ဖော်ပြထားသည်။

သတင်း

စက်တင်ဘာ ၂၉ရက် နံနက်ပိုင်းကစတင်၍ မန်တုံအခြေစိုက် ခလရ(၁၃၀) တပ်ရင်းကို KIA/PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။