Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောမြို့နယ်တွင် ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်

“လူကိုပဲ ထိတာ။ ကားကတော့ နည်းနည်းပဲထိတယ်။ သူတို့ဘက်က ရမ်းသမ်းပြန်ပစ်တာရှိပေမယ့် အပြန်အလှန် ပစ်ခတ်တာမရှိခဲ့ဘူး”ဟု မြိတ်ခရိုင် တပ်ရင်း (၁)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ပုလောမြို့နယ်
ပုလောမြို့နယ်

ယာဥ်အနည်းငယ်ထိပြီး ပျူစောထီးတစ်ဦးဒဏ်ရာရ

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် စစ်ကောင်စီတပ် ယာဥ်နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဥ်အနည်းငယ်ထိပြီး ပျူစောထီးတစ်ဦးဒဏ်ရာရသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)က ပြောသည်။

ယနေ့(စက်တင်ဘာ ၃၀)နေ့လယ် ၁၂ နာရီ ၂၅မိနစ်ခန့်က ပုလောမြို့နယ် ထမင်းမစားကျေးရွာနှင့် နန်းပရုပ်ကျေးရွာ အကြားတွင် သရက်ချောင်းမြို့ဘက်မှ ဆင်းလာသော စစ်ကောင်စီတပ်မှ ယာဥ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁)က ပြောသည်။

Public Service Announcement
Public Service Announcement

“လူကိုပဲ ထိတာ။ ကားကတော့ နည်းနည်းပဲထိတယ်။ သူတို့ဘက်က ရမ်းသမ်းပြန်ပစ်တာရှိပေမယ့် အပြန်အလှန် ပစ်ခတ်တာမရှိခဲ့ဘူး”ဟု မြိတ်ခရိုင် တပ်ရင်း (၁)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ကားပေါ်တွင်ပါလာသည့် ပျူစောထီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ Taze Revolution Force-TRFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သတင်း

ပုလောနှင့်လောင်းလုံးမြို့အပါအဝင် တနင်္သာရီတိုင်းဒေသကြီးသည် စစ်အာဏာရှင်တော်လှန်ရေးတွင် လက်နက်ကိုင်တိုက်ခိုက်မှုရော လူထုသပိတ်ပါအားကောင်းသည့်ဒေသ ဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်များသည် လမိုင်းကျေးရွာ တံတားအနီးသို့လာရောက်၍ မကြာခဏ ပြည်သူလူထုအား အနိုင်ကျင့်ဖမ်းဆီးတတ်သည့်အပြင် ဖမ်းဆီးငွေညှစ်မှုများလုပ် ဆောင်နေခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နတ်ဆိုးအဖွဲ့က ပြောသည်။

သတင်း

အဆိုပါဒရုန်းတပ်ဖွဲ့များသည် စက်တင်ဘာအတွင်း၌ပင် ရွှေဘိုနှင့်ခင်ဦးမြို့နယ်များရှိ စစ်ကောင်စီတပ်နှင့်ပျူ တပ်စွဲရာကျေးရွာများ၊ စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ဆေးရေးဂိတ်များအား ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့သေးသည်။