Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ်ပေးနိုင်ရေး တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ကုလနှင့်နိုင်ငံတကာကို မြန်မာသံအမတ်ကြီး ထပ်မံတောင်းဆို

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကျင်းပနေဆဲ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးမှုအစီအစဉ်၌ မိန့်ခွန်းပြောကြားခဲ့ရာ ထည့်သွင်းတောင်းဆိုခြင်းဖြစ်သည်။

မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ်ပေးနိုင်မည့် လုပ်ဆောင်ချက်များကို တုံ့ဆိုင်းခြင်းမရှိဘဲ ဆုံးဖြတ်ချမှတ် ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံတောင်းဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကျင်းပနေဆဲ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးမှုအစီအစဉ်၌ မိန့်ခွန်းပြောကြားခဲ့ရာ ထည့်သွင်းတောင်းဆိုခြင်းဖြစ်သည်။

“နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကူအညီမဲ့နေသည့် မြန်မာပြည်သူများ၏ အကူအညီ တောင်းခံမှုကို ဥပေက္ခာမပြုသင့်တော့ကြောင်း၊ အကူအညီတောင်းနေသည့် အကူအညီမဲ့နေသော မြန်မာ ပြည်သူများ၏ အသံသည်ကျယ်လောင်၍ ရှင်းလင်းပြတ်သားကြောင်း” သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ်ပေးနိုင်ရေး တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ကုလနှင့်နိုင်ငံတကာကို မြန်မာသံအမတ်ကြီး ထပ်မံတောင်းဆို
မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ်ပေးနိုင်ရေး တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ကုလနှင့်နိုင်ငံတကာကို မြန်မာသံအမတ်ကြီး ထပ်မံတောင်းဆို

ကမ္ဘာကြီးအနေဖြင့် မြန်မာစစ်တပ်၏ အဆိုးရွားဆုံးသော ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသား မဆန်ခြင်းများကို ကြိမ်ဖန်များစွာ တွေ့မြင်ခဲ့ရပြီးဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်တပ်၏ တိုက်ခိုက်မှုများ၊ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများမှာ ပိုမိုဆိုးရွားလျက်ရှိသောကြောင့် ပြည်သူများ ရင်ဆိုင်နေရသည့်အခြေအနေများမှာ နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားနေကြောင်း သံအမတ်ကြီးက ညီလာခံကို အစီရင်ခံသည်။

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများစွာအနက် စက်တင်ဘာ ၁၆ ရက်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၇ ဦးအပါအဝင် ပြည်သူ ၁၃ ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်ကိုလည်း ဦးကျော်မိုးထွန်းက မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။

“အသက် သေဆုံးခဲ့သည့် ကလေးငယ်များအနက် အသက်(၇)နှစ်မျှ ငယ်ရွယ်သော ကလေးငယ်ပင် ပါဝင်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုဖြစ်ကြောင်း၊ ယင်းအတွက် ချေပနိုင်ခြင်း မရှိသကဲ့သို့ ဆင်ခြေအကြောင်းပြချက် တစ်စုံတစ်ရာပေး၍လည်း မရနိုင်ကြောင်း” ၎င်းက ဆိုသည်။

စစ်တပ်သည် လွန်ခဲ့သော (၁၉) လအတွင်း တရားမဝင် သတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ကျေးရွာများကို ဖျက်ဆီးခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်း များကို ကျူးလွန်ခဲ့ပြီး ယင်းပြစ်မှုများသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇတ်မြောက်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

သို့သော် မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေး လုပ်ဆောင်ရန် ခိုင်မာပြတ်သားစွာ ရှိကြကြောင်း ၎င်းက အစီရင်ခံသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

NLD သည် မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒနှင့်အညီစစ်မှန်သောဒီမိုကရေစီစနစ်အောက်မှကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် နောက်ထပ် ရွေးကောက်ပွဲရလဒ်တစ်ခု ပေါ်ထွက်မလာမီအချိန်ထိ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆင့်လွှဲအာဏာကို နိုင်ငံရေးလွှဲအပ် ကိုယ်စားပြုအာဏာအဖြစ်ကျင့်သုံးမည် ဖြစ်ကြောင်းထုတ်ပြန်သည်။

သတင်း

စာသင်ခန်းအတွင်းသေဆုံးသွားသော ကျောင်းသား၊ ကျောင်းသူများ၏ အသားစများ၊ သွေးကွက်အိုင်များမှာ နေရာတိုင်း၌ ပေကျန်စွန်းထင်းနေခဲ့ကြောင့် NUG က အစီရင်ခံသည်။

သတင်း

အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ဒေသစံတော်ချိန် ညနေ၄ နာရီမှ ညနေ ၅နာရီခွဲအထိ ကုလသမဂ္ဂရုံးချုပ်ရှေ့ရှိ Dag Hammarskjöld Plaza တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

သတင်း

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူသော စာ၌ ကုလသမဂ္ဂအဖွဲ့အစည်းများသည် မြန်မာစစ်အုပ်စုကို တရားဝင်မှုရရှိစေရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရမည်ဟု ဖော်ပြသည်။