Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာမြို့နယ် ကျွန်းပေါ်ရှိ ကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေး ကျန်းမာရေးအတွက် အကူအညီများ လိုအပ်နေ၍ ပါဝင်လှူဒါန်းပေးကြရန် ကောင်းကင်တော်လှန်ရေးအင်းအားစုက မေတ္တာရပ်ခံသည်။

မတ္တရာမြို့နယ် ကျွန်းပေါ်ရှိ ကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေရ
မတ္တရာမြို့နယ် ကျွန်းပေါ်ရှိ ကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတ​ပ်က စစ်ကြောင်းထိုးဖျက်ဆီးသတ်ဖြတ်နေ၍ ရွာခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

မတ္တရာမြို့နယ်၊ ရေလယ်ကျွန်း ကျေးရွာအပါအဝင် ကျေးရွာအချို့ကို စက်တင်ဘာအတွင်း၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေ၍ ပြည်သူရာချီ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

မတ္တရာမြို့နယ် ကျွန်းပေါ်ရှိ ကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေရ
မတ္တရာမြို့နယ် ကျွန်းပေါ်ရှိ ကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေရ

“ရေလယ်ကျွန်းကနေအိမ်တွေ မီးရှို့ခံရတာ နှစ်ကြိမ် ရှိပါပြီ။ ရွာသူရွာသားများ မနေရဲတဲ့အတွက် ပြင်ဦးလွင်ခရိုင် ပ. က. ဖ. ကောင်းကင်တပ်ဖွဲ့က စစ်ဘေးရှောင်စခန်း ဖွင့်လှစ်ပေးထားပါတယ်။”ဟု ကောင်းကင်တော်လှန်ရေးအင်းအားစုက ပြောသည်။

စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေး ကျန်းမာရေးအတွက် အကူအညီများ လိုအပ်နေ၍ ပါဝင်လှူဒါန်းပေးကြရန် ကောင်းကင်တော်လှန်ရေးအင်းအားစုက မေတ္တာရပ်ခံသည်။

ဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ကျေးရွာများတွင် တံငါလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြပြီး စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်နေ၍ ညပိုင်းငါးဖမ်းခြင်းလုပ်ငန်းများအား ရပ်ဆိုင်းထားရကြောင်း ဒေသခံများက ပြောသည်။

အခင်းဖြစ်ရာ မြစ်အတွင်းကျွန်းပေါ်ကျေးရွာများတွင် စစ်ကောင်စီတပ်က မကြာခဏပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေပြီး မြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်က ဒေသကာကွယ်ရေးတပ်များကိုပါ မကြာခဏသွားရောက်တိုက်ခိုက်လေ့ရှိသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ရေလယ်ကျွန်းရွာဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ-ကောင်းကင် တော်လှန်ရေးအင်းအားစု

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"မိုးနှောင်းခင်းရွာကိုသွားတဲ့ တောင်ကြားလမ်းကို ပိတ််ထားတယ်လို့ သိရတယ်။ ရွာထဲမှာပျူသင်တန်းပေးနေလို့ လမ်းပိတ်ထားတာတဲ့။"ဟု တောင်သာနယ်ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်များသည် လမိုင်းကျေးရွာ တံတားအနီးသို့လာရောက်၍ မကြာခဏ ပြည်သူလူထုအား အနိုင်ကျင့်ဖမ်းဆီးတတ်သည့်အပြင် ဖမ်းဆီးငွေညှစ်မှုများလုပ် ဆောင်နေခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နတ်ဆိုးအဖွဲ့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် အနောက်ကမ်းဖြူကျေးရွာနေ အသက်(၃၀)ဝန်းကျင်ရှိ ပြည်သူတစ်ဦးကို ညဥ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ​ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

သတင်း

"အရပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရသည့်အပြင် နွားတစ်ကောင် ဆိတ်တစ်ကောင်လည်း လက်နက်ကြီးစထမှန်ခဲ့သေးသည်" ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။