Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာနယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီက ပျူသင်တန်းပေးပြီး လက်နက်များတပ်ဆင်

“မိုးနှောင်းခင်းရွာကိုသွားတဲ့ တောင်ကြားလမ်းကို ပိတ််ထားတယ်လို့ သိရတယ်။ ရွာထဲမှာပျူသင်တန်းပေးနေလို့ လမ်းပိတ်ထားတာတဲ့။”ဟု တောင်သာနယ်ဒေသခံတစ်ဦးက ပြောသည်။

အမည်မသိရသည့် တိုင်း​နှင့်ပြည်နယ်တစ်ခုတွင် စစ်ကောင်စီတပ်က ပျူစောထီးသင်တန်းပို့ချနေစဥ်။ဓာတ်ပုံ-Cj
အမည်မသိရသည့် တိုင်း​နှင့်ပြည်နယ်တစ်ခုတွင် စစ်ကောင်စီတပ်က ပျူစောထီးသင်တန်းပို့ချနေစဥ်။ဓာတ်ပုံ-Cj

▪️ပျူအဖွဲ့ရှိသည့်ရွာ တိုက်ပွဲများဖြစ်လာနိုင်၍ ပြည်သူများ သတိပြုနေထိုင်ရန် သတိပေး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာအချိူ့ကို စစ်ကောင်စီတပ်က ပျူစောထီးသင်တန်းများပေးပြီး လက်နက်တပ်ဆင်ပေးမှုများ ပြုလုပ်လာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာအတွင်းက စစ်ကောင်စီတပ်သည် တောင်သာမြို့နယ်အတွင်းရှိ ပျူသင်တန်းဆင်းကျေးရွာများကို လက်နက်ခွဲဝေပေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယမန်နေ့ (စက်တင်ဘာလ ၃၀ ရက်)ကလည်း တောင်သာမြို့နယ်၊ မိုးနှောင်းခင်းကျေးရွာ စာသင်ကျောင်းအတွင်း ပျူသင်တန်းပေးနေကြောင်း လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)က အသိပေးသည်။

“မိုးနှောင်းခင်းရွာကိုသွားတဲ့ တောင်ကြားလမ်းကို ပိတ််ထားတယ်လို့ သိရတယ်။ ရွာထဲမှာပျူသင်တန်းပေးနေလို့ လမ်းပိတ်ထားတာတဲ့။”ဟု တောင်သာနယ်ဒေသခံတစ်ဦးက ပြောသည်။

အမည်မသိရသည့် တိုင်း​နှင့်ပြည်နယ်တစ်ခုတွင် စစ်ကောင်စီတပ်က ပျူစောထီးသင်တန်းပို့ချနေစဥ်။ဓာတ်ပုံ-Cj
အမည်မသိရသည့် တိုင်း​နှင့်ပြည်နယ်တစ်ခုတွင် စစ်ကောင်စီတပ်က ပျူစောထီးသင်တန်းပို့ချနေစဥ်။ဓာတ်ပုံ-Cj

တပ်မတော် ဆိုသည့်အဓိပ္ပါယ်အောက်မှ လက်နက်ကိုင်ဆောင်သူ၊ ကျေးရွာအများစုမှ ပျူသင်တန်းတက်ပြီး လက်နက်ကိုင်ဆောင်သူတို့သည် စစ်ကောင်စီတပ်၏ တပ်သားများအဖြစ် ရောက်ရှိသွားမည်ဖြစ်ကြောင်း၊ ၎င်းပျူတပ်များသည် ကျေးရွာကာကွယ်ရေး အမည်ခံပြီး ကျေးရွာအတွင်း တည်ရှိသောကြောင့် အဆိုပါကျေးရွာသည်ပင် စစ်ကောင်စီတပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သွားကြောင်း လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)က ရှင်းပြသည်။

“လွပ်လပ်တဲ့ ပြည်သူအနေနဲ့ မိမိကြိုက်နှစ်သက်ရာကို ထောက်ခံနိုင်တယ်။ သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီကျင့်သုံးနေတဲ့ စစ်ရေးကိစ္စကို မိမိတို့ရွာထဲ သွင်းမလာဖို့လိုပါတယ်။”ဟု လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)က ပြောသည်။

ထို့ကြောင့် ပျူအဖွဲ့ရှိသည့်ကျေးရွာသည် စစ်ရေးနယ်မြေအဖြစ် စစ်ကောင်စီတပ်က သက်မှတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားကြောင်း၊ ပျူမရှိသော၊ ဒလန်မလုပ်သော ကျေးရွာများမှာ ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်ပြီး ပျူ၊ဒလန်ရှိသောကျေးရွာများမှာ အနေထိုင်မတည်ငြိမ်မှုတွေ့ရသ​ည်ဟု လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)က ဆိုသည်။

ထို့ကြောင့် မိမိတို့ကျေးရွာများအတွင်း ပျူ ၊ ဒလန် များအဖွဲ့အစည်းလိုက်ရှိနေပါက သတိပြုနေထိုင်ကြရန် လိုအပ်ပြီး ထိုကျေးရွာများတွင်အချိန်မရွေး တိုက်ပွဲများဖြစ်ပေါ်နိုင်ကြောင်း လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)က သတိပေးသည်။

“မတရားအာဏာသိမ်းခံရခြင်းကို ခုခံပြီး လွတ်လပ်မှုကို ပြန်လည်ရယူဖို့ကြိုးပမ်းနေကြတဲ့ ပြည်သူများနှင့် PDF တို့သည် အကြမ်းဖက်မဟုတ်။ အာဏာမသိမ်းခင်ကာလ ပြည်သူတို့၏ လွတ်လွတ်လပ်လပ် နေထိုင်မှု့ကို ပြန်လည်ရယူပေးဖို့ ကြိုးပမ်းကြတယ်ဆိုတာ သိထားကြစေချင်ပါတယ်။”ဟု လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)က အသိပေးသည်။

စက်တင်ဘာ၂၉ ရက်ကလည်း တောင်သာမြို့နယ်အတွင်းနေထိုင်သည့် စစ်မှုထမ်းဟောင်းများအားလုံးကို စစ်ကောင်စီက မြို့ပေါ်၌ အစည်းအဝေးခေါ်ယူခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

အမည်မသိရသည့် တိုင်း​နှင့်ပြည်နယ်တစ်ခုတွင် စစ်ကောင်စီတပ်က ပျူစောထီးသင်တန်းပို့ချနေစဥ်။ဓာတ်ပုံ-Cj
အမည်မသိရသည့် တိုင်း​နှင့်ပြည်နယ်တစ်ခုတွင် စစ်ကောင်စီတပ်က ပျူစောထီးသင်တန်းပို့ချနေစဥ်။ဓာတ်ပုံ-Cj

စက်တင်ဘာ ၂၅ ရက်က တောင်သာနယ်အရှေ့ဘက်ခြမ်း ဝါးကြီးအိုင်ရွာရှိ ပျူစောထီးခေါင်းဆောင်ဆိုသူအား TTA ပြောက်ကျားတပ်က ဝင်ရောက်ပစ်ခတ်ရှင်းလင်းရာ ပျူခေါင်းဆောင် အုပ်ကြီး လွတ်မြောက်သွားပြီးနောက် ထိုရွာသားများက PDF အဖွဲ့သားများအား ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးစားခဲ့ကြောင်း ဒေသခံများက ပြောသည်။

တောင်သာနယ်သည် စစ်တပ်၏ ဝန်ကြီးဟောင်း ဦးအောင်သောင်းဇာတိဖြစ်ပြီး ယခင်က ပြည်ခိုင် ဖြိုးထောက်ခံသူများပြားခဲ့သည့် နယ်တစ်ခုဖြစ်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေး ကျန်းမာရေးအတွက် အကူအညီများ လိုအပ်နေ၍ ပါဝင်လှူဒါန်းပေးကြရန် ကောင်းကင်တော်လှန်ရေးအင်းအားစုက မေတ္တာရပ်ခံသည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ Taze Revolution Force-TRFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သတင်း

စစ်ကောင်စီတပ်သည် မြိုင်မြို့နယ်အနောက်ပိုင်း၊ ကျောက်ခွက်ကျေးရွာသို့ စက်တင်ဘာ ၂၅ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့စဥ် ကျောက်ခွက်ရွာအရှေ့ထိပ်တွင် မြိုင်(ပကဖ)နှင့် မဟာမိတ်တပ်ဖွဲ့များက မိုင်းသုံးလုံးဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၉ရက်တွင် ထီးချိုင့်မှ ထွက်ခွာလာရာ ပေါက်ကုန်းရွာအဝင်နားတွင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု Tigyaing Revolution က သတင်းဖော်ပြသည်။