Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံတွင် စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် လူငယ်တစ်ဦး ၃နာရီအတွင်း သေဆုံး

ယမန်နေ့(အောက်တိုဘာလ ၁ ရက်)ကလည်း မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်၏ ယာယီအခြေစိုက်စခန်းအား ဒေသကာကွယ်ရေးအဖွဲ့(၉)ဖွဲ့က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၆ ဦးထက်မနည်း သေဆုံးခဲ့သေးသည်။

အာဏာသိမ်းခါစက မြင်းခြံမြို့ပေါ်တွင် ဆန္ဒပြပြည်သူများအား လိုက်လံပစ်ခတ်နှိမ်နင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-Myingyan Citizen Journalist
အာဏာသိမ်းခါစက မြင်းခြံမြို့ပေါ်တွင် ဆန္ဒပြပြည်သူများအား လိုက်လံပစ်ခတ်နှိမ်နင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-Myingyan Citizen Journalist

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် လူငယ်တစ်ဦး ဖမ်းဆီးခံရပြီးနောက် ၃ နာရီအတွင်း သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ၂၁ရက်နံနက်၄နာရီခန့်က မြင်းခြံမြို့နယ်၊ ရှားတောကျေးရွာနေ အသက်၂၀ခန့်ရှိ ကိုမိုးထက်သာဆိုသူအား စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးပြီး ၃နာရီ‌ခန့်အကြာ နံနက်၇ခန့်တွင် စစ်တပ်နှင့်ပျူများ၏ ညှင်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသွားခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်သည်။

မိသားစုမှာ အလောင်းပင် ပြန်မရခဲ့ဘဲ ကြည့်ခွင့်ခေတ္တပေးပြီးနောက် မီးရှို့သင်္ဂြိုလ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တစ်ပတ်လောက်တောင် ရှိသွားပြီ။ မိသားစုကိုတော့ ကိုဗစ်နဲ့သေတယ်ဆိုပြီးပြောသေးတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြရွာတွင်လည်း စက်တင်ဘာ၂၉ရက် နံနက်ပိုင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏နေအိမ် ပစ်ခတ်ခံရပြီး သေနတ်၇လက်ဆုံးရှုံးခဲ့ပြီးနောက် ရွာအတွင်းရှိ လူငယ်ကျောင်းသားများနှင့် အိမ်ထောင်ဦးစီးများကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(အောက်တိုဘာလ ၁ ရက်)ကလည်း မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်၏ ယာယီအခြေစိုက်စခန်းအား ဒေသကာကွယ်ရေးအဖွဲ့(၉)ဖွဲ့က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၆ ဦးထက်မနည်း သေဆုံးခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သေဆုံးခဲ့ရသူ နှစ်ဦးအမှာ အသက် ၆၀ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၆နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်ဟုဖော်ပြထားသည်။

နိုင်ငံတကာ

အခြေအနေတွေက မင်းမဲ့စရိုက်အသွင် ကူးပြောင်းသွားကြောင်း၊ လူရမ်းကား ပရိသတ် တချို့ဟာ ရဲတွေကိုလည်း ရန်ပြု တိုက်ခိုက်ခဲ့သလို ရပ်နားထားတဲ့ ကားတွေကိုပါ ဖျက်ဆီးခဲ့ကြောင်း အဖင်တာက ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ ရဲ ၂ ဦးလည်း ပါဝင်ကြောင်း သူက အတည်ပြုပါတယ်။

သတင်း

တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၃ဦးဒဏ်ရာရရှိကာ အသက် (၁၀)နှစ်အောက် ကလေးငယ်သုံးဦး အပါအဝင် ပြည်သူ ခြောက်ဦးလည်း သေဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် မြိုင်မြို့နယ်အနောက်ပိုင်း၊ ကျောက်ခွက်ကျေးရွာသို့ စက်တင်ဘာ ၂၅ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့စဥ် ကျောက်ခွက်ရွာအရှေ့ထိပ်တွင် မြိုင်(ပကဖ)နှင့် မဟာမိတ်တပ်ဖွဲ့များက မိုင်းသုံးလုံးဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့သည်။