Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ကြီးတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းပစ်၍ ပြည်သူ နှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

သေဆုံးခဲ့ရသူ နှစ်ဦးအမှာ အသက် ၆၀ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၆နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်ဟုဖော်ပြထားသည်။

စစ်ကောင်စီတပ်က နေအိမ်များအား မွှေနောက်ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
စစ်ကောင်စီတပ်က နေအိမ်များအား မွှေနောက်ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️ဒေသခံပြည်သူ လေးထောင်ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံပြည်သူနှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၉ရက် ညနေပိုင်းက ကျောက်ကြီးမြို့နယ်ရှိ ဘောကထာစစ်ကောင်စီတပ်စခန်းက ဘောကထာရွာအတွင်း RPG ဖြင့် ပစ်ခတ်၍ ပြည်သူလူထု ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီတပ်က နေအိမ်များအား မွှေနောက်ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
စစ်ကောင်စီတပ်က နေအိမ်များအား မွှေနောက်ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – KNU

သေဆုံးခဲ့ရသူ နှစ်ဦးအမှာ အသက် ၆၀ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၆နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်ဟုဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ ထိုသို့ပစ်ခတ်မှုကြောင့် ဘောကထာကျေးရွာ၊ ပဒဲကောကျေးရွာနှင့် မဘီကျေးရွာမှ အိမ်ခြေ ၈ရာကျော်မှ လူဦးရေ လေးထောင်ကျော်တို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု အသိပေးထားသည်။

စစ်ကောင်စီတပ်က နေအိမ်များအား မွှေနောက်ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
စစ်ကောင်စီတပ်က နေအိမ်များအား မွှေနောက်ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – KNU

ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ(၃)တို့ စက်တင်ဘာ ၇ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

တပ်မဟာ(၅)ဘက်မှ ပြန်ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စက်တင် ဘာ၂၉ရက်အထိ ရက်ရှည် တိုက်ပွဲဖြစ်ပွားနေကြောင်း ၊ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် အဆိုပါဒေသတွင်းရှိ ပြည်သူလူထုများ၏ နေအိမ်များကို ဝင်ရောက် မွှေနှောက် ဖျက်ဆီးခြင်း၊ အိမ်မွေးတိရိစ္ဆာန်များကို ဖမ်းယူစားသောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အလုံပိတ် မော်တော်ယာဉ်များ( ခရီးသည်တင်ယာဉ်၊နာရေးကူညီမှုယာဉ်ကဲ့သို့ ယာဉ်များ) အသုံးပြုပြီး နယ်မြေရှင်းလင်းစဥ် သေဆုံး၊ဒဏ်ရာရပါက စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးမဝင်ကြောင်းပေါက်ကြားလာသည့် အမိန့်စာတွင်ပါရှိသည်။

သတင်း

နယ်ချင်းထိဆက်နေပြီး ဒေသကာကွယ်ရေးအဖွဲ့များအားကောင်းရာ အရာတော်နှင့် ဝက်လက်မြို့နယ်များသည် စစ်ကောင်စီတပ်၏ အကြမ်းဖက် ဖျက်ဆီးသတ်ဖြတ်မှုများ မကြာခဏ ကြုံခဲ့ရသည်။

သတင်း

ယမန်နေ့(အောက်တိုဘာလ ၁ ရက်)ကလည်း မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်၏ ယာယီအခြေစိုက်စခန်းအား ဒေသကာကွယ်ရေးအဖွဲ့(၉)ဖွဲ့က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၆ ဦးထက်မနည်း သေဆုံးခဲ့သေးသည်။

နိုင်ငံတကာ

အခြေအနေတွေက မင်းမဲ့စရိုက်အသွင် ကူးပြောင်းသွားကြောင်း၊ လူရမ်းကား ပရိသတ် တချို့ဟာ ရဲတွေကိုလည်း ရန်ပြု တိုက်ခိုက်ခဲ့သလို ရပ်နားထားတဲ့ ကားတွေကိုပါ ဖျက်ဆီးခဲ့ကြောင်း အဖင်တာက ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ ရဲ ၂ ဦးလည်း ပါဝင်ကြောင်း သူက အတည်ပြုပါတယ်။