Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU ဖာပွန်ခရိုင်တွင် စစ်ကောင်စီလက်ပါးစေ BGFက ကျေးရွာပတ်လည် မိုင်းထောင်ခိုင်းပြီး တစ်ရွာနှင့်တစ်ရွာသွားလာခြင်းမပြုရန် တားမြစ်

အလားတူ ယွန်းစလင်း မြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများမှ ရွာသားများကိုလည်း စက်လှေ၊ ဆိုင်ကယ်နှင့် ကားများ ခရီးသွားလာခွင့်မပြုတော့ဘဲ တားဆီးပိတ်ပင်ထားသည်ကို စုံစမ်းသိရကြောင်း ဖော်ပြထားသည်။

Update News
Update News

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) ဖာပွန်ခရိုင်တွင် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)က ပိုကြည်ကျေးရွာ ပတ်လည်တွင်မိုင်းများ ထောင်ခဲ့သည့်အပြင် တစ်ရွာနှင့်တစ်ရွာ သွားလာခြင်းမပြုရန် ဒေသခံ ပြည်သူများအား အမိန့်ပေးညွှန်ကြားထားသည် ဟု တပ်မဟာ(၅)၏ မူတြော်သတင်းစဉ်က ဖော်ပြသည်။

စက်တင်ဘာ ၂၉ရက်တွင် BGF တပ်ရင်း တပ်ရင်းမှူး ဗိုလ်မောင်ချစ်က BGF တပ်နယ်အမှတ်(၃) ဒုတပ်ခွဲမှူး နှင့် အဖွဲ့အား ပိုကြည်ကျေးရွာသို့ စေလွှတ်ကာ ကျေးရွာပတ်လည်ကို မိုင်းထောင်ခိုင်းခြင်း၊ မဲကုလား၊ ပိုကြည်၊ လယ်ကွဲ၊ တခေါ်ခို့ရွာများအပြင် ဖာပွန် – ကမမောင်း ကားလမ်းမပေါ်၌ နေထိုင်သည့် ရွာသားများအား တစ်ရွာနှင့်တစ်ရွာ အကြား သွားလာခြင်း မပြုရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အလားတူ ယွန်းစလင်း မြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများမှ ရွာသားများကိုလည်း စက်လှေ၊ ဆိုင်ကယ်နှင့် ကားများ ခရီးသွားလာခွင့်မပြုတော့ဘဲ တားဆီးပိတ်ပင်ထားသည်ကို စုံစမ်းသိရကြောင်း ဖော်ပြထားသည်။

ထို့ပြင် နို့ထစာသင်ကျောင်းသို့ ပညာသင်နေသည့် ကျေးရွာများမှ ကျောင်းသူကျောင်းသားများအား ထီးလာပလယ်ထ တံတားအား ဖြတ်ကျော်ခွင့်မပြုရန်၊ ကျောင်းသားကျောင်းသူများအား ပညာဆက်လက်သင်ယူရန် ခွင့်မပြုရန်တို့ကို စစ်ကောင်စီ ခါးပိုက်ဆောင်တပ် BGF က တားမြစ်ထားသည်ဟုလည်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ(၅)အနေဖြင့်လည်း ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF တို့ကို ခြုံခိုတိုက်ခိုက်မှုများ နေ့စဉ်နီးပါး လုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီနှင့် BGFတပ်မှ သေဆုံးထိခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများသည် ဗဟိုဘဏ်တွင် အပ်နှံထားသည့် နိုင်ငံတော်ပိုင် ရွှေဒင်္ဂါးပြားများနှင့် ရွှေစင်ချောင်းများကို စီမံချက်ဖြင့်ရောင်းချနေခြင်းအပေါ် NUG၏ ဝန်ကြီးဌာနက ယခုလို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

သတင်း

ယနေ့(စက်တင်ဘာလ ၂ရက်) နံနက် ၁၁နာရီခွဲခန့်က စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ ယာဉ်ငါးစီးဖြင့် တက်လာသော စစ်ကောင်စီယာဥ်တန်းကို မြောင်နှင့်မြင်းမူအခြေစိုက် ပြည်သူကာကွယ်ရေးမဟာမိတ်များက မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

နှစ်ဖက်ထိခိုက်မှုအခြေအနေနှင့် ဖြစ်စဥ်အသေးစိတ် များအား ဒေသကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အလုံပိတ် မော်တော်ယာဉ်များ( ခရီးသည်တင်ယာဉ်၊နာရေးကူညီမှုယာဉ်ကဲ့သို့ ယာဉ်များ) အသုံးပြုပြီး နယ်မြေရှင်းလင်းစဥ် သေဆုံး၊ဒဏ်ရာရပါက စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးမဝင်ကြောင်းပေါက်ကြားလာသည့် အမိန့်စာတွင်ပါရှိသည်။