Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့နယ်မှ ညောင်ဖြူပင်ရဲစခန်း သုံးကြိမ်မြောက်အတိုက်ခံရပြီး ထိခိုက်သေဆုံးမှုများဟု PDF များ​ပြော

ယခုစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ (မြေလတ် PDF -တောင်သာ၊ Seven People Defense Force ၊ Scorpions People Defense Force ) တို့က စစ်ကိုင်းတိုင်းတပ်ရင်း၁ မဟာမိတ်အဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(​ညောင်ဖြူပင် ရင်းကင်းစခန်းအနီး​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(​ညောင်ဖြူပင် ရင်းကင်းစခန်းအနီး​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် သုံးလအတွင်းလစဥ်တိုက်ခိုက်ခံနေရသည့် ညောင်ဖြူပင်ရဲစခန်း အောက်တိုဘာလအတွက် တို​က်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများကြောင်း Scorpions People Defence Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၂ ရက် နံနက် ၂နာရီခန့်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းအား မဟာမိတ်ပူးပေါင်းအဖွဲ့က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံများသေဆုံးထိခိုက်မှုများကြောင်း Scorpions People Defence Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အထိုင်စခန်းအား ခိုင်မာစွာဆောက်တည်ထားသောအနေထားဖြစ်ခြင်း ၊ မိုးသည်းထန်စွာ ရွာသွင်းလာခြင်းတို့ကြောင့် ၎င်းစခန်းအားမသိမ်းနိုင်ခဲ့သော်လည်း စစ်ကောင်စီအုပ်စုဝင် ၁၀ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိခဲ့သည်ဟု Scorpions People Defence Force အဖွဲ့ကဆိုသည်။

“စခန်းနဲ့တော့ အနီးကပ်ဆုံးနေရာကိုဝင်ယူတာ။ ဒါပေမဲ့​ွေးတွေက အထိုင်ချဘန်ကာတွေကောင်းတာရယ်၊ သူတို့အခိုင်အမာတည်ဆောက်ထားတာတွေကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျွန်တော်တို့ လက်နက်ကြီး ပစ်တာတွေ မကွဲတာတွေ စခန်းကိုမသိမ်းနိုင်တာပါဗျ။ စခန်းသိမ်းဖို့ထိ ရည်ရွယ်ထားတာပါ။”ဟု Scorpions People Defence Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်​ကောင်စီတပ်​သေဆုံး ထိခိုက်မှုအ​ခြေအ​နေကို စစ်ကိုင်းတိုင်းမှ မဟာမိတ်များကအတည်ပြုထားခြင်းဖြစ်​ကြောင်းလည်း၎င်းကဆက်​ပြောသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ညောင်ဖြူပင်ရဲစခန်းမှ စျေးဝယ်ထွက်လာသည့်ရဲနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးခဲ့သေးသည်။

သြဂုတ်လ ၂၁ ရက်နေ့ကလည်း ညောင်ဖြူပင်ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး စခန်းမှူးသေဆုံးခဲ့သည်။

ယခုစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ (မြေလတ် PDF -တောင်သာ၊ Seven People Defense Force ၊ Scorpions People Defense Force ) တို့က စစ်ကိုင်းတိုင်းတပ်ရင်း၁ မဟာမိတ်အဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Scorpions People Defence Force အဖွဲ့သည် အောက်တိုဘာလဆန်း၌ စစ်ဆင်ရေးနှစ်ခုပြုလုပ်ထားပြီးစစ်​ကောင်စီတပ်ကို အရှိန်မြှင့်တိုက်ခိုက်နိုင်ရန် ပြည်သူများက ထောက်ပို့ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စက်တင်ဘာလ တစ်လတာအတွင်း ကရင်နီပြည်နယ်၌ KNDF ၊ ကရင်နီတပ်မတော် (KA)၊ အခြားမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွား ခဲ့မှုများကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

မြောင်မြို့နယ်(T.G.R)ပြည်သူ့ကာကွယ်ရေးတပ်က ဗိုလ်တိုက်ဂါးက "စစ်ကောင်စီတပ်က လမ်းဘေးဝဲယာကိုလည်း ပစ်တယ်။ T.G.R Women Drone Force ကလည်း ဒရုန်းနဲ့ ကားပေါ်ဗုံးချ တိုက်ခိုက်ခဲ့ပါသေးတယ်။ နာရေးကားနှစ်စီးနဲ့ကို နှစ်ခါသယ်သွားရတာ"ဟု ပြောသည်။

သတင်း

အဖွဲ့တွင်ပါဝင်သည့် တော်လှန်ရေးတပ်များအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါကပညာပေးခြင်း၊ အရေးယူခြင်း၊ အဖွဲ့မှထုတ်ပယ်ခြင်းများ အဆင့်လိုက် ပြုလုပ်သွားမည်ဟု ဆိုသည်။

သတင်း

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်က ကျောက်မတ်တပ် ကျေးရွာ အနီး ဆက်ကြေးကောက်ခံပြီး ပြန်လာသည့်ပျူစောထီးများကို​လောင်းလုံပကဖများကတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။