Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးမြို့နယ် စစ်ကောင်စီ​၏ ကျားတက် စခန်းသိမ်းတိုက်ပွဲ PDF ရဲဘော်နှစ်ဦးကျဆုံး

ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့သော်လည်း သေဆုံးသူအရေအတွက်ကို မသိရသေးပေ။ စစ်ကောင်စီတပ်သည် ကျားတက်စခန်းကို ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ဆားလင်းကြီးမြို့နယ် စစ်ကောင်စီ​၏ ကျားတက် စခန်းသိမ်းတိုက်ပွဲ PDF ရဲဘော်နှစ်ဦးကျဆုံး
ဆားလင်းကြီးမြို့နယ် စစ်ကောင်စီ​၏ ကျားတက် စခန်းသိမ်းတိုက်ပွဲ PDF ရဲဘော်နှစ်ဦးကျဆုံး

စစ်ကောင်စီတပ်စွဲထားသော ဆားလင်းကြီးမြို့နယ်၊ ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ် ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီများ စုဖွဲ့အထိုင်ချထားသော ကျားတက်စခန်းကို ဆားလင်းကြီးနှင့်ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့(အောက်တိုဘာ ၂ရက်)တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆားလင်းကြီးမြို့နယ် စစ်ကောင်စီ​၏ ကျားတက် စခန်းသိမ်းတိုက်ပွဲ PDF ရဲဘော်နှစ်ဦးကျဆုံး
ဆားလင်းကြီးမြို့နယ် စစ်ကောင်စီ​၏ ကျားတက် စခန်းသိမ်းတိုက်ပွဲ PDF ရဲဘော်နှစ်ဦးကျဆုံး

“စခန်းကို သိမ်းနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ရဲဘော် နှစ်ယောက် အသက်ပေးလှူခဲ့ရတယ်”ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲ​ဘော်တစ်ဦးက ပြောသည်။

ကျဆုံးသွားသည့် ရဲဘော်နှစ်ဦးမှာ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSTF)မှ ရဲဘော်ပိန္နဲစေ့ နှင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ဝလုံး ဖြစ်သည်။

” ကျားတက်စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်အား သတ္တိပြောင်စွာ တိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူ၍ မြင့်မြတ်စွာ ကျဆုံးသွားသော ရဲဘော်ပိန္နဲစေ့ နှင့် ရဲဘော်ဝလုံး တို့အား အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်”ဟု ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF) က သတင်းထုတ်ပြန်သည်။

ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့သော်လည်း သေဆုံးသူအရေအတွက်ကို မသိရသေးပေ။ စစ်ကောင်စီတပ်သည် ကျားတက်စခန်းကို ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါ စစ်ကောင်စီယာဥ်သည် မတရားသဖြင့် ကောက်ယူထားသော ပြည်သူ့ချွေးနည်းစာ မီတာခများကို ၎င်းတို့၏ရိက္ခာအဖြစ်ပြုလုပ်မည်ကို ခွင့်မပြုနိုင်သောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြစ်ငယ် PDF က အသိပေးထားသည်။

သတင်း

စက်တင်ဘာလ တစ်လတာအတွင်း ကရင်နီပြည်နယ်၌ KNDF ၊ ကရင်နီတပ်မတော် (KA)၊ အခြားမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွား ခဲ့မှုများကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

မြောင်မြို့နယ်(T.G.R)ပြည်သူ့ကာကွယ်ရေးတပ်က ဗိုလ်တိုက်ဂါးက "စစ်ကောင်စီတပ်က လမ်းဘေးဝဲယာကိုလည်း ပစ်တယ်။ T.G.R Women Drone Force ကလည်း ဒရုန်းနဲ့ ကားပေါ်ဗုံးချ တိုက်ခိုက်ခဲ့ပါသေးတယ်။ နာရေးကားနှစ်စီးနဲ့ကို နှစ်ခါသယ်သွားရတာ"ဟု ပြောသည်။

သတင်း

အဖွဲ့တွင်ပါဝင်သည့် တော်လှန်ရေးတပ်များအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါကပညာပေးခြင်း၊ အရေးယူခြင်း၊ အဖွဲ့မှထုတ်ပယ်ခြင်းများ အဆင့်လိုက် ပြုလုပ်သွားမည်ဟု ဆိုသည်။