Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ထုအမြောက်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပန်းဆန်ဒေသခံခြောက်ဦး ဒဏ်ရာရ

ဆောမြို့နယ် မိအယ်ကျေးရွာ၌ ရောက်ရှိနေသည့် အင်အား ၈၀ခန့်ရှိသည့် စစ်ကောင်စီတပ်သည် မိအယ်ကျေးရွာ အနောက်ဘက်သို့ ထွက်ခွာလာခြင်းဖြစ်သည်ဟု ဆိုသည်။

ကျောက်ထုအမြောက်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပန်းဆန်ဒေသခံခြောက်ဦး ဒဏ်ရာရ
ကျောက်ထုအမြောက်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပန်းဆန်ဒေသခံခြောက်ဦး ဒဏ်ရာရ

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုအမြောက်တပ်က ယမန်နေ့ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံပြည်သူ ခြောက်ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဆောမြို့နယ်ဒေသခံက ပြောသည်။

ကျောက်ထုမြို့အနီးရှိ ပန်းဆန်ရွာ၌ အောက်တိုဘာ ၂ရက်က ညပိုင်းက ဟောပြောပွဲ ပြုလုပ်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့ညကတော့ ပန်းဆန်မှာဟောပြောပွဲလုပ်နေတာ ဒလန်က သတင်းပေးလိုက်လို့ အမြောက်တပ်က လှမ်းထုလိုက်တာ ၃ချက်။ ခြောက်ယောက်ထိသွားတယ်။ နှစ်ယောက်ကတော့ အပြင်းအထန် ဆိုတော့ ဆေးရုံပို့လိုက်ရတယ်။ထိတာက ပြည်သူတွေထိတာ” ဟု ဒေသခံက ပြောသည်။

ဒဏ်ရာရသူများအနက် အမျိုးသမီး သုံးဦး ပါဝင်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်များသည် ယနေ့တွင်လည်း ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှားမှုများ ရှိနေကြောင်း ယောအလင်းတန်း က သတင်းထုတ်ပြန်ထားသည်။

ဆောမြို့နယ် မိအယ်ကျေးရွာ၌ ရောက်ရှိနေသည့် အင်အား ၈၀ခန့်ရှိသည့် စစ်ကောင်စီတပ်သည် မိအယ်ကျေးရွာ အနောက်ဘက်သို့ ထွက်ခွာလာခြင်းဖြစ်သည်ဟု ဆိုသည်။

“နှော်၊ လယ်ဆော၊ ကြီး ကျေးရွာတွေဘက် ရောက်လာနိုင်သလို ပန်းဆန်၊ သရက်ချဉ် ကျေးရွာဘက်လည်း ရောက်လာနိုင်ပါတယ်။ အနီးအနား ကျေးရွာ မိဘပြည်သူများ လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို အထူးဂရုစိုက်ကြပါ”ဟု ယောအလင်းတန်းက သတိပေးထားပြီး လက်ရှိ အခြေအနေအရ ကျောက်ထု – ထီးလင်း ကားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာခြင်းမပြုရန် အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သေဆုံးခဲ့ရသူ နှစ်ဦးအမှာ အသက် ၆၀ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၆နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်ဟုဖော်ပြထားသည်။

သတင်း

"ညာဘက်ပါးကို ကျည်ဆံဝင်သွားတာ။အခုလက်ရှိ စစ်ဆေးရုံမှာ ကုနေတယ်"ဟု လွိုင်ကော်မြို့အခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

သတင်း

"လေယာဉ်ဝမ်းဗိုက်ကနေ ဖောက်ဝင်သွားတာ။တစ်ယောက်ထိတယ် အခြေအနေကို မသိရသေးဘူး"ဟု လွိုင်ကော်မြို့နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကျည်ထိမှန်ခဲ့သူနှစ်ဦးဟာ ဆိုက္ကားဆရာတစ်ဦးနှင့် အခြားအရပ် သားတစ်ဦးဖြစ်ပြီး ရဲတွေကိုဝင်ပစ်တဲ့ အဲဒီလူတွေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်ခတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။