Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွေဦးတော်လှန်ရေး အားကောင်းရန်ပြင်ဆင်နေ၍ ဒုတိယအကြိမ်ပြည်သူ့ညီလာခံကို သတ်မှတ်အချိန်အတိုင်း မကျင်းပနိုင်ခြင်းဖြစ်ဟု NUCC အသိပေး

ပြီးခဲ့သည့် ပထမအကြိမ်ညီလာခံတွင် နွေဦးတော်လှန်ရေး တစုံလုံးအတွက် အရေးကြီးသည့် အတည်ပြု ဆုံးဖြတ်ချက်များ လုပ်ဆောင်နိုင်ခဲ့သည်ဟု NUCCက ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ညီလာခံကို ခြောက်လတစ်ကြိမ်ကျင်းပရန် သတ်မှတ်ထားသော်လည်း နိုင်ငံရေးဖြစ်ထွန်းမှုဖြစ်စဉ်များအရ နွေဦးတော်လှန်ရေးအား ပိုမိုအားကောင်း လာစေရန်အတွက် သုံးသပ်ပြင်ဆင်မှုများ လုပ်ဆောင်ရန်ရှိလာ၍ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကိုသတ်မှတ်ထားသည့်အတိုင်း ကျင်းပရန်အခက်အခဲဖြစ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့ အသိပေးထုတ်ပြန်သည်။

NUCCအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ ပြည်သူ့ညီလာခံကို ၆လတစ်ကြိမ် ကျင်းပရမည်ဖြစ်သည်။ ပထမအကြိမ် ပြည်သူ့ညီလာခံကို ယခုနှစ် ဇန်နဝါရီလကပြုလုပ်ခဲ့ရာ ဒုတိယ အကြိမ်ကို ဇူလိုင်အတွင်း ကျင်းပရမည်ဖြစ်သော်လည်း ကျင်းပနိုင်ခြင်းမရှိသေးသည့် အပေါ် ယခုကဲ့သို့ အသိပေး ထုတ်ပြန်ခြင်းဖြစ်သည်။

တော်လှန်ရေးပိုမိုအားကောင်းလာစေရန် သုံးသပ်ပြင်ဆင်မှုများ အမြန်ဆုံးလုပ်ဆောင်ပြီးစီးသည်နှင့်တစ်ပြိုင်နက် NUCC၏ ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ကျင်းပမည်ဖြစ်ကြောင်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအား လေးစားစွာ အသိပေးအပ်သည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ပထမအကြိမ်ညီလာခံတွင် နွေဦးတော်လှန်ရေး တစုံလုံးအတွက် အရေးကြီးသည့် အတည်ပြု ဆုံးဖြတ်ချက်များ လုပ်ဆောင်နိုင်ခဲ့သည်ဟု NUCCက ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း စစ်မြေပြင်သတင်း အတည်ပြုချက်ရရှိသည်ဟု ထုတ်ပြန်ထားပြီး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

သတင်း

စက်တင်ဘာ ၂၃ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃စီးဖြင့် နာရီဝက်ကြာ ဗုံးကြဲတိုက်ခိုက်လာရာ မောင်တောမြို့နယ် လက်ပံတောင်ကြောပေါ်ရှိ အကျဉ်းထောင် ၂ခုအားထိမှန် ကာ အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့်တပ်ဖွဲဝင်နှင့်အခြားသောအကျဉ်း သားအချို့ သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

ပူးပေါင်းတပ်ဖွဲ့က ဗုံးကြဲဒရုန်းများ၊ လက်နက်ကြီးများ စနိုက်ပါများအသုံးပြု တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး အရေအတွက်စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထား သည်။

သတင်း

"လက်နက်နဲ့ ဝင်လာတဲ့ဟာက အခုထိ ၆ယောက်ပြီ။ လက်နက်မဲ့ဝင်လာတာတော့ တော်တော် လေးကို အရေအတွက်များနေပါပြီ” ကန်ပက်လက် CDF တာဝန်ရှိသူက ပြောသည်။