Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးမြို့နယ် ခေါ်ဇာ၌ မွန်တပ်MSDFနှင့် စစ်ကောင်စီတပ် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်ကျဆုံးရှိ

ယနေ့ (ဩဂုတ် ၃ရက်) ညနေပိုင်း၌ MSDF-S စစ်ကြောင်းနှင့် စစ်ကောင်စီ၏ ခလရ (၃၁)တပ်တို့ နာရီဝက်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(MSDF (တောင်ပိုင်း)မှ (၇၅) နှစ်မြောက်မွန် တော်လှန် ရေးနေ့ အခမ်းအနားကျင်းပနေစဉ်။ ဓာတ်ပုံ - MSDF)
(MSDF (တောင်ပိုင်း)မှ (၇၅) နှစ်မြောက်မွန် တော်လှန် ရေးနေ့ အခမ်းအနားကျင်းပနေစဉ်။ ဓာတ်ပုံ - MSDF)

မွန်ပြည်နယ် ရေးမြို့နယ် ခေါ်ဇာမြို့၌ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးခဲ့သည်ဟု မွန်ပြည်ကာကွယ်ရေးတပ်-တောင်ပိုင်း(MSDF-S)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၃ရက်) ညနေပိုင်း၌ MSDF-S စစ်ကြောင်းနှင့် စစ်ကောင်စီ၏ ခလရ (၃၁)တပ်တို့ နာရီဝက်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(MSDF (တောင်ပိုင်း)မှ (၇၅) နှစ်မြောက်မွန် တော်လှန် ရေးနေ့ အခမ်းအနားကျင်းပနေစဉ်။ ဓာတ်ပုံ - MSDF)
(MSDF (တောင်ပိုင်း)မှ (၇၅) နှစ်မြောက်မွန် တော်လှန် ရေးနေ့ အခမ်းအနားကျင်းပနေစဉ်။ ဓာတ်ပုံ – MSDF)

တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦးသေဆုံးပြီး MSDF-S ဘက်က ရဲဘော် နှစ်ဦးကျ ဆုံးခဲ့ကြောင်း အသိပေးထားသည်။ အင်အားမမျှ၍ ကာကွယ်ရေး ရဲဘော်များ လုံခြုံရာသို့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

MSDFသည် စက်တင်ဘာလဆန်းပိုင်းက ခေါဇာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ရဲစခန်းကို တိုက်ခိုက်သည့် စစ်ဆင်ရေးသည် MSDF၏ ပထမဆုံး စစ်ဆင်ရေးဖြစ်ပြီး ယခုတွင်လည်း စစ်ကောင်စီတပ်နှင့် ပထမဆုံး ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

MSDFကို စစ်အာဏာရှင် ပြုတ်ကျသည်အထိ တိုက်ပွဲဝင်မည်ဟု သံဓိဌာန်ချထားသည့် မွန်လူမျိုးများနှင့် မွန်ပြည်နယ်အတွင်းရှိ ပြည်သူများ ဖွဲ့စည်းထားသည့် ကာကွယ်ရေးတပ်ဖြစ်သည်ဟု အသိပေးထုတ်ပြန်ထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး MSDF ကိုမေးမြန်းရန်ဆက် သွယ်ရာ ဆက်သွယ်၍ မရသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော်(AA)နှင့် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့​သောယခုနှစ် ဩဂုတ်လမှစ၍ မြို့နယ်အများအပြားသို့ စစ်တပ်ကလက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်မှုများပြုလုပ်​နေသည်။

သတင်း

ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာများသည် ရွာကြီးများဖြစ်၍ ကျေးရွာလေးရွာပေါင်း ၇၅၀၀ ခန့်ရှိနိုင်ပြီး ကန့်ဘလူခရိုင်တခုလုံး စစ်ဘေးရှောင် ၃သောင်းနီးပါးရှိကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

တိုက်ခိုက်မှုကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးသလို ကျန်တဲ့သူတွေလည်းဒဏ်ရာရနိုင်ခြေရှိတယ်လို့ဆိုထားပါတယ်။

သတင်း

လတ်တလောဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ပြည်သူများ သတိပြု သွားလာနေထိုင်ကြရန် မြိတ်ခရိုင်တပ်ရင်း (၂)က တိုက်တွန်း နှိုးဆော်ထားသည်။