Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – ချောင်းဦးလမ်းနှင့် မုံရွာ – အရာတော်လမ်း ယာယီပိတ်

တားမြစ်ထားသည့်ကြားမှ ဖြတ်သန်းသွားလာသည့်ယာဥ်များ၏ လုံခြုံရေးအား တာဝန်ယူမည်မဟုတ်ကြောင်း PDF South Monywa က ပြောသည်။

(မုံရွာ - မန္တလေးလမ်းပေါ် လမ်းပိုင်းယာယီပိတ် ထားစဥ် စောင့်ဆိုင်းနေသော မော်တော်ယာဥ်များ၊ဓာတ်ပုံ- CJ)
(မုံရွာ - မန္တလေးလမ်းပေါ် လမ်းပိုင်းယာယီပိတ် ထားစဥ် စောင့်ဆိုင်းနေသော မော်တော်ယာဥ်များ၊ဓာတ်ပုံ- CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းနှင့် မုံရွာ – အရာတော်လမ်းများအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာ ချက်ထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာ၄ ရက်) နံနက်ပိုင်းက ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ပြီး စစ်ရေးအခြေအနေအရ ခရီးသွားပြည်သူများလုံခြုံဘေးကင်းရန်အတွက် လမ်းအသုံးပြုမှု ခေတ္တရပ်နားထားကြရန် ဒေသကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံသည်။

အိမ်စီးကားများ မှန်ချမောင်းနှင်ရန်၊ တွဲကားများမိုးကာမအုပ်ဘဲ မောင်းနှင်ရန် God Of Monywa က အသိပေးသည်။

တားမြစ်ထားသည့်ကြားမှ ဖြတ်သန်းသွားလာသည့်ယာဥ်များ၏ လုံခြုံရေးအား တာဝန်ယူမည်မဟုတ်ကြောင်း PDF South Monywa က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ၂ ရက်ကလည်း မုံရွာ-မန္တလေးလမ်းပေါ် စစ်ကိုင်းမှ မုံရွာမြို့သို့ထွက်ခွာလာသည့် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြောင်မြို့နယ်(T.G.R)ပြည်သူ့ကာကွယ်ရေးတပ်က ဗိုလ်တိုက်ဂါးက "စစ်ကောင်စီတပ်က လမ်းဘေးဝဲယာကိုလည်း ပစ်တယ်။ T.G.R Women Drone Force ကလည်း ဒရုန်းနဲ့ ကားပေါ်ဗုံးချ တိုက်ခိုက်ခဲ့ပါသေးတယ်။ နာရေးကားနှစ်စီးနဲ့ကို နှစ်ခါသယ်သွားရတာ"ဟု ပြောသည်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်း ဒေသတွင်း PDFအဖွဲ့များက မကြာခဏ မိုင်းခွဲတိုက်ခိုက်လေ့ရှိသည်။

သတင်း

အဆိုပါစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) တပ်ခွဲ (၄) Fight For People နှင့် မုံရွာမြို့ ပြောက်ကျားတပ်ဖွဲ့များဖြစ်သော ဗိုလ်ပေါက်ကြား၊ ဗိုလ်ဗျတ်ဝိ၊ Black Rose တို့ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

သတင်း

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း (၅)-Aung San Force-ASF နှင့်အတူ Special Guerilla Force Monywa၊ မုံရွာခရိုင် တပ်ရင်း ၈/တပ်ရင်း ၉/တပ်ရင်း (၁၀)- Farmers Revolution Force - (FRF)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။