Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်နှင်ဒဏ်ပေးရန်ခေါ်ဆောင်လာသော တရုတ် နိုင်ငံသားခုနစ်ဦးအား လူသုံးဦးက ကယ်ထုတ် ခေါ်ဆောင်သွား

ကျောက်မဲ-လားရှိုးမြို့ကြား လွယ်ခေါ်ကျေးရွာအနီးတွင် အမျိုးသားသုံးဦးက လက်ဗစ်ဗုံးဖြင့်ခြ်ိမ်းခြောက်၍ ကားကိုတားဆီးပြီး တောလမ်းသို့မောင်းနှင်ခေါ်ဆောင်သွားခြင်းဟု ရဲထုတ်ပြန်သည့်ကြေးနန်းကို ဖတ်ရှုခဲ့ရသည့် အထက်ပါ CDM ရဲအရာရှိက ပြောသည်။

Update News
Update News

ပြည်နှင်ဒဏ်ပေးရန် ခေါ်ဆောင်လာသော တရုတ် နိုင်ငံသားခုနစ်ဦးအား ကြားဖြတ်ခေါ်ဆောင်သွားသည့်ဖြစ်စဥ် မန္တလေး- လားရှိုးပြည်ထောင်စုလမ်း၌ ဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၂ရက်တွင်စစ်ကောင်စီ​၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ကားဖြင့်ခေါ်ဆောင်လာသောတရုတ်နိုင်ငံသား ခုနစ်ဦးကို ဆိုင်ကယ်စီးအမျိုးသားသုံးဦးက ကြားဖြတ်ကယ်ထုတ်ခေါ်ဆောင်သွားခြင်းဖြစ်သည်။

“တရုတ်တွေက လူငယ်ပိုင်းတွေ။သပိတ်ကျင်းဘက်မှာ ဖမ်းမိခဲ့တာတွေ။ သူတို့ကို ပြည်နှင်ဒဏ် ပေးဖို့ လဝကအရာရှ်ိလေးယောက်နဲ့အတူ ခရီးသည်တင်ကားနဲ့ ခေါ်လာတာ။ ကျောက်မဲနဲ့ လာရှိုးကြားမှာ ကားကိုတားပြီး ကယ်ထုတ်သွားတာ”ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့်အဆက်အသွယ်ရှိသော CDM ရဲတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂ရက်က မန္တလေးမှ လားရှိုးမြို့သို့ပို့ဆောင်မည့် အဆိုပါတရုတ်နိုင်ငံသားခုနှစ်ဦးအား သပိတ်ကျင်းမြို့နယ် လဝကဦးစီးမှူးဦးထွန်းအောင်လှိုင်၊ လက်ထောက်ကြီးကြပ်ရေးမှူး ဦးန်ိုင်မိုးဇော်၊စဥ့်ကူးမြို့နယ် လဝကမှအရာရှိများဖြစ်သောဦးကျော်စိုးခိုင်နှင့် ဦးခိုင်ဇော်မျိုးတို့က ကားဖြင့် ခေါ်ဆောင်လာခြင်းဖြစ်သည်။ ကားပေါ်တွင် ယာဉ် မောင်းနှင့် လဝကအရာရှိလေးဦး၊ တရုတ်နိုင်ငံသား ခုနစ်ဦး လိုက်ပါလာသည်။

ကျောက်မဲ-လားရှိုးမြို့ကြား လွယ်ခေါ်ကျေးရွာအနီးတွင် အမျိုးသားသုံးဦးက လက်ဗစ်ဗုံးဖြင့်ခြ်ိမ်းခြောက်၍ ကားကိုတားဆီးပြီး တောလမ်းသို့မောင်းနှင်ခေါ်ဆောင်သွားခြင်းဟု ရဲထုတ်ပြန်သည့်ကြေးနန်းကို ဖတ်ရှုခဲ့ရသည့် အထက်ပါ CDM ရဲအရာရှိက ပြောသည်။

“တောထဲရောက်တော့ တရုတ်တွေကလွဲလို့ ကျန် တဲ့သူတွေကို ပြန်လွှတ်လိုက်တယ်။သတင်းကြိုရလို့ လမ်းကဖြတ်လုတာ။ စစ်ကောင်စီရဲ့ စွမ်းစွမ်းတမံ အရည်အချင်းကြီးပေါ့ဗျာ”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက လဝကအရာရှိလေးဦးနှင့် ယာဥ်မောင်းကို စစ်ဆေးနေသည်ဟု သတင်းရရှိသည်။ တရုတ်နိုင်ငံသားများအား လူသုံးဦးက အလွယ်တကူ ကြားဖြတ်ကယ်ထုတ်သွားခဲ့သည့်ဖြစ်စဥ်သည် စစ်ကောင်စီအရာရှိအဆင့်အဆင့်က လာဒ်စား၍ အကွက်ချစီမံခြင်းဖြစ်နိုင်ကြောင်း ရှမ်းပြည်နယ်ဒေသခံအချို့က သုံးသပ်ကြသည်။

“တရုတ်တွေ သူ့နိုင်ငံပြန်ရောက်ရင်တော့ သိုသိုသိပ်သိပ်ပြီးသွားလိမ့်မယ်။ ပြန်မရောက်ရင်တော့ စစ်ကောင်စီကို တရုတ်က ဆော်လိမ့်မယ်”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

သို့သော် အဆိုပါ လူသုံးဦးက တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် ကယ်ထုတ်သွားသည်နှင့် မည်ကဲ့သို့ ခေါ်ဆောင်သွားသည်ကို အတည်မပြုနိုင်သေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

News

“တာချီလိတ်ကလောင်းကစားရုံတွေလည်း တရုတ်တွေဘဲလုပ်နေတာလေ၊သူတို့က ပြောင်းပြန်ပြောနေတာ”ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။

News

အဆုံးစီရင်သွားတဲ့မြန်မာအမျိုးသားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလယ်ပိုင်းက ထိုင်းနိုင်ငံထဲတရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းခံရချိန်မှာ မူးယစ်ဆေးဝါးကိုလည်းလက်ဝယ်တွေ့ရှိခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်က ဆိုထားပါတယ်။

News

"တရုတ်နိုင်ငံသားတွေကိုလည်း သတိပေးနေတယ်။ မြန်မာတွေကိုလည်း ပြန်လွှတ်နေတယ်"ဟု ရွှေလီမြို့တွင် နေထိုင်သည့် မြန်မာတစ်ဦးက ယနေ့(အောက်တိုဘာ ၂၁ရက်)တွင် ပြောသည်။

နိုင်ငံတကာ

လာမိုရဲ့ ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်းလောက်က မီးသင့် လောင်ကျွမ်းသွားခဲ့ပါတယ်။ သူဟာ ဆေးရုံမှာ နှစ်ပတ်လောက်ကြာအောင် ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရပြီးမှ ကွယ်လွန်သွားခဲ့ပါတယ်။ လာမိုနဲ့ တန်လျူတို့ဟာ မနှစ်က ဇွန်လမှာ တရားဝင် ကွာရှင်းထားခဲ့ပြီး ဖြစ်ပါတယ်။