Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လာမည့်အာဆီယံထိပ်သီးညီလာခံတွင် မင်းအောင်လှိုင်ကို ဖိတ်ကြားမည်မဟုတ်ကြောင်း အလှည့် ကျဥက္ကဌ ကမ္ဘောဒီးယား ကြေညာ

အလှည့်ကျဥက္ကဌကမ္ဘောဒီးယားသည် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မသက်ဆိုင်သောကိုယ်စားလှယ်ကိုသာ တက်ရောက်ရန် ဖိတ်ကြားမည်ဟု ဆိုသည်။

ကိုးကား၊ဓာတ်ပုံ - phnompenhpost
ကိုးကား၊ဓာတ်ပုံ - phnompenhpost

လာမည့် အာဆီယံထိပ်သီးခေါင်းဆောင်များညီလာခံတွင် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားမည်မဟုတ်ကြောင်း အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားက ကြေညာလိုက်သည်။

လာမည့်နိုဝင်ဘာတွင် ဖနွမ်းပင်၌ အကြိမ် (၄၀)နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ယင်းအစည်းအဝေးများသို့ တက်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sunry က ပြောသည်။

အလှည့်ကျဥက္ကဌကမ္ဘောဒီးယားသည် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မသက်ဆိုင်သောကိုယ်စားလှယ်ကိုသာ တက်ရောက်ရန် ဖိတ်ကြားမည်ဟု ဆိုသည်။

“မြန်မာနိုင်ငံကလွဲလို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးဆီ အစည်းအဝေးဖိတ်စာတွေ ကျွန်တော်တို့ ပို့ထားပြီးပါပြီ။ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံရဲ့ဆွေးနွေးဖက်နိုင်ငံတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီလည်း ပို့ထားပြီးပါပြီ။ မြန်မာကိုတော့ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်ကိုသာ စေလွှတ်ဖို့ ကျွန်တော်တို့အကြံပြုထားပါတယ်” ဟု Chum Sunry က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ဧပြီတွင် အာဆီယံခေါင်းဆောင်များချမှတ်ခဲ့သော ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို မင်းအောင်လှိုင်ခေါင်းဆောင်သာ အကြမ်းဖက်စစ်ကောင်စီက လိုက်နာ အကောင်အထည် ဖော်ခြင်းမရှိသဖြင့် ယင်းနောက်ပိုင်းကျင်းပသော အာဆီယံထိပ်သီးညီလာခံများသို့ အာဆီယံက မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးတော့ပေ။

ကိုးကား၊ဓာတ်ပုံ – phnompenhpost

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ဒေသစံတော်ချိန် ညနေ၄ နာရီမှ ညနေ ၅နာရီခွဲအထိ ကုလသမဂ္ဂရုံးချုပ်ရှေ့ရှိ Dag Hammarskjöld Plaza တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

သတင်း

အဆိုပါ ကမ်ပိန်းလှုပ်ရှားမှုကို “သွေးအေးလို့မရတဲ့ တော်လှန်ရေး“ ခေါင်းစဥ်ဖြင့် Mayangone Democratic Front (MDF) နှင့် KMD 18 မှ မြေအောက်ရဲဘော်များက ချိတ်ဆက်ပြီး အကောင် အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ခေါင်းဆောင်မှုနှင့် ပတ်သက်၍ အားနည်းရခြင်းမှာ အရေအတွက်များများနှင့် မွေးထုတ်ပေးခဲ့သည့် ပြဿနာကြောင့် ဖြစ်သည်ဟု မင်းအောင်လှိုင်က ဆိုသည်။

သတင်း

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို လာတက်တဲ့ စစ်ကောင်စီခေါင်းဆောင်ကို ပူတင်က ဒီနေ့ မှာ လက်ခံတွေ့ဆုံခဲ့တာပါ။