Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံမြို့နယ် ပျော်ဘွယ်ရွာမှ စစ်ကောင်စီခန့်အုပ်ကြီးအပါအဝင်ပြည်သူ ၂၀ခန့်ကို စစ်ကောင်စီတ​ပ် ဖမ်းဆီး

ဖမ်းဆီး‌ခေါ်ဆောင်သွားခြင်း ခံရသူများအတွက် မိသားစုဝင်များက ထမင်း၊အဝတ်အစားပို့ရန် တပ်နှင့်ရဲစခန်းများသို့ သွားရောက်စုံစမ်းခဲ့သော်လည်း စုံစမ်း၍မရသေးကြောင်း ​ဒေသခံများက ပြောသည်။

(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ-Myingyan Citizen Journalist)
(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ-Myingyan Citizen Journalist)

▪️အဆက်အသွယ်ပြတ်တောက်နေဟုဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၌ နှစ်ကြိမ်တိုင် ပစ်ခတ်ခံရပြီး သေနတ်များပါသိမ်းဆည်းခံခဲ့ရသည့် စစ်ကောင်စီတပ်တပ်စွဲရာ ပျော်ဘွယ်စံပြအုပ်စုကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါ အဝင် ဒေသခံပြည်သူ၂၀ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြကျေးရွာ အုပ်ချုပ်ရေးမှူးအိမ် ကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူးနှင့် စစ်သားများ ထွက်ပြေးသွား၍ ၎င်းတို့၏သေနတ် ၇ လက်ကို PDFအဖွဲ့က သိမ်းဆည်းသွားခဲ့သည်။

ထိုနေ့ ညနေပိုင်းတွင် စံပြကျေးရွာမှ အိမ်ထောင် ဦးစီးများ၊အိမ်ထောင်ဦးစီးမရှိလျှင် ဇနီးဖြစ်သူနှင့် တောလုပ်လုပ်သူများကို ကျေးရွာ စာသင်ကျောင်းအတွင်း၌ စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်စစ်ဆေးခဲ့ကြောင်း၊ ထို့နောက် အောက်တိုဘာ၂ ရက် တွင် ၎င်းရွာ၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါအဝင် ၂၀ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

ဖမ်းဆီး‌ခေါ်ဆောင်သွားခြင်း ခံရသူများအတွက် မိသားစုဝင်များက ထမင်း၊အဝတ်အစားပို့ရန် တပ်နှင့်ရဲစခန်းများသို့ သွားရောက်စုံစမ်းခဲ့သော်လည်း စုံစမ်း၍မရသေးကြောင်း ​ဒေသခံများက ပြောသည်။

စာသင်ကျောင်းအတွင်း ဖမ်းဆီးစစ်ဆေးခဲ့စဥ်ကလည်း အသက်မပြည့်သူများနှင့် အမျိုးသမီးများပါဝင်ခဲ့ပြီး အမျိုးသမီးများကို ရိုက်နှက်စစ်ဆေးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ကျောင်းထဲစစ်တုန်းက အစစ်ခံခဲ့ရတဲ့ အမျိုးသမီးများမှာ ပက်လက်လှန်မအိပ်နိုင်အောင်ပင် တင်ပါး၊ကျောများမှာ ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရပါတယ်။တက်တူးထိုးထားသူတစ်ဦးကိုလည်း တက်တူးထိုးထားသည့်နေရာကို ဓားနဲ့လှီးခြစ်တာ၊မီးစနဲ့ထိုးတာတွေ လုပ်ခဲ့ပါတယ်။ နှိပ်စက်ခဲ့တဲ့ စခတပ်က တပ်မ၃၃ကလို့ ပြောဆိုခဲ့ကြပါတယ်။”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

ပျော်ဘွယ်စံပြကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအိမ်သည် ယခင်ကလည်းတစ်ကြိမ်လာရောက်ပစ်ခတ်ခံရဖူးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဦးမောင်ဝိတ်ဆီက လာဘ်ယူတယ်ဆိုတဲ့အမှုမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့အဂတိပုဒ်မနဲ့တရားစွဲထားတာပါ။

သတင်း

မန်တုံမြို့တွင် စက်တင်ဘာ ၂၉ရက်က တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းကို KIA/PDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

အသတ်ခံရသူလူငယ်နှစ်ဦး၏ အလောင်းအား မိသားစုထံ ပြည်မပေးဘဲ ပိုင်ရှင်မဲ့အဖြစ် သင်္ဂြိုလ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

သတင်း

ထို့ပြင် ယခုနောက်ပိုင်း CDM အယောင်ဆောင် ပြီး တော်လှန်ရေးဘက်ခြမ်းကိုနည်းမျိုးစုံနှင့် ဝင်ရောက်ရန် ကြိုးပမ်းမှုများရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။