Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်ဦးမြို့နယ်တွင် နှစ်ရက်အတွင်း NLD ပါတီခရိုင်ဒုဥက္ကဌအပါအဝင် ပါတီထောက်ခံသူခြောက်ဦး အသတ်ခံရ

အောက်တိုဘာ ၁ ရက်ကညောင်ဦးမြို့တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်ဟောင်းအသတ်ခံရပြီးနောက် NLDပါတီ ထောက်ခံသူများ ဆက်တိုက်အသတ်ခံရခြင်း ဖြစ်သည်။

NLD ပါတီခရိုင်ဒုဥက္ကဌဦးကျော်ဝင်း​၏ ရုပ်အလောင်းအား တွေ့ရစဉ်
NLD ပါတီခရိုင်ဒုဥက္ကဌဦးကျော်ဝင်း​၏ ရုပ်အလောင်းအား တွေ့ရစဉ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် နှစ်ရက်အတွင်း NLD ပါတီ ခရိုင်ဒုဥက္ကဌ အပါအဝင် ပါတီထောက်ခံသူ ခြောက်ဦးအသတ်ခံရကြောင်းဒေသခံများက People’s Springသို့ ပြောသည်။

အောက်တိုဘာ ၂ရက် ည၁နာရီခွဲခန့်က ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ဆည်ရွာ‌ ကျေးရွာနေ NLD ပါတီညောင်ဦးခရိုင်ဒုဥက္ကဌ ဦးကျော်ဝင်းနှင့် သမီးဖြစ်သူကို စစ်​ကောင်စီလက်​အောက်ခံပျူ​စောထီးနှင့် ​သွေး​သောက်အဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့ကြောင်း ညောင်ဦးမြို့ ဒေသခံများက ပြောသည်။ ထို့နောက် သမီးဖြစ်သူကို ပြန်လွှတ်ပေးပြီး ဦးကျော်ဝင်းကို သတ်ဖြတ်ပြီး နောက်တစ်ရက်တွင်ကျေးရွာရှိအမှိုက်ပုံအနီး၌အလောင်းစွန့်ပစ်ခဲ့ကြောင်းဒေသခံများကပြောသည်။

ထို့အပြင်အောက်တိုဘာ ၂ရက်တွင်ပင်ညောင်ဦးမြို့နယ်စဥ့်ကူကျေးရွာမှ NLD ပါတီထောက်ခံသူအမျိုးသမီးနှစ်ဦးနှင့်အမျိုးသားသုံးဦးကို ဖမ်းဆီးခဲ့သည်။ ထို​နောက်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးကို သတ်ဖြတ်ကာ ကျေးရွာရှိ တိုက်နယ်ဆေးရုံအနီးတွင် အလောင်းများကို စွန့်ပစ်ထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကိုဇော်ကြီး​၏ ရုပ်အလောင်းအား တွေ့ရစဉ်
ကိုဇော်ကြီး​၏ ရုပ်အလောင်းအား တွေ့ရစဉ်

သတ်ဖြတ်ခံရသည့် အလောင်းသုံးလောင်းအနက် စိန်စတိုးစျေးဆိုင်ပိုင်ရှင် NLD ပါတီဝင်အသက်(၃၂)နှစ်အရွယ် မသော်မီမီဝင်းမှာ အဓမ္မပြုကျင့်ခံထားရကြောင်းလည်းဒေသခံများက ​ပြောသည်။မ​သော်မီမီဝင်းမှာသာမာန်ပါတီဝင်တစ်ဦးဖြစ်ပြီး ဒလန်က ပုဂ္ဂိုလ်​ရေးမ​ကျေနပ်ချက်​ကြောင့်သတင်း​ပေး၍ အသတ်ခံရခြင်းဖြစ်နိုင်​ကြောင်​ဒေသခံတစ်ဦးက​ပြောသည်။

ထို့အပြင် အောက်တိုဘာ ၃ရက်တွင် ညောင်ဦးမြို့နယ် NLD ပါတီမှ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်၏ ညီဖြစ်သူ ဇီးကွက်ပုန်းရည်ကြီးလုပ်ငန်းပိုင်ရှင် ဦးဇော်ကြီးအား ဆိုင်ကယ်စီး လူသုံးဦးက လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“နေအိမ်လာပြီး ဦးမြင့်စိန်ရှိလား မေးတယ်။ နောက်ပြီး သူ့ကိုခေါ်ပြီးဖမ်းတာ။ အစက ထွက်ပြေးသေးတယ်။ မလွတ်ဘူး၊ အိမ်ထဲမှာပဲ ရိုက်နှက်၊ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတာ”ဟု ညောင်ဦးမြို့ ‌ဒေသဒေတစ်ဦးက ပြောသည်။

ထို့နောက် ဦးဇော်ကြီးအား သတ်ဖြတ်ပြီးနောက် မြို့ရှောင်လမ်းဘေးတွင် အလောင်းအား စွန့်ပစ်ထားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ တောင်ဘီကျေးရွာမှ အာနန္ဒာဘုရားဂေါပကအဖွဲ့ဝင်ဖြစ်သူ ဦးမြင့်ကျော်အား အောက်တိုဘာ ၃ရက်တွင် ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ပြီး ၎င်း​၏ ရုပ်အလောင်းကိုလည်း မြို့ရှောင်လမ်းဘေးတွင် စွန့်ပစ်ထားခဲ့ကြောင်း ညောင်ဦး PDFမှ ရဲဘော်တစ်ဦးကပြောသည်။

မသော်မီမီဝင်း
မသော်မီမီဝင်း

ညောင်ဦးမြို့မှ ဦးဇော်ကြီးနှင့် ဦးမြင့်ကျော်တို့​၏ ရုပ်အလောင်းများကို အောက်တိုဘာ ၄ရက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ညောင်ဦးမြို့နယ်ရှိ ဒေသခံပြည်သူခြောက်ဦးအား ဖမ်းဆီးသတ်ဖြတ်သွားသူများမှာ စစ်အုပ်စု​၏ လက်ပါးစေ ပျူစောထီးများနှင့် သွေးသောက်အဖွဲ့ဝင်များသည်ဟု ဒေသခံများ သုံးသပ်သည်။ ​ဖမ်းဆီးသတ်ဖြတ်သူများသည် ​ဒေသခံများမဟုတ်ဘဲ မျက်နှာစိမ်း လူမိုက်ပုံစံ​ပေါက်​နေသူများဖြစ်​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

“ပြည်သူတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်”​ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

အောက်တိုဘာ ၁ ရက်ကညောင်ဦးမြို့တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်ဟောင်းအသတ်ခံရပြီးနောက် NLDပါတီ ထောက်ခံသူများ ဆက်တိုက်အသတ်ခံရခြင်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒေသအလိုက်အနေနဲ့ နွားကြီးမြို့နယ် က ၅ဦး ၊ညောင်ဦး က ၄ ဦး ၊ကျောက်ဆည် က ၁ ဦးနဲ့တောင်သာက ၁ ဦးတို့ ရက်ရက်စက်သက် အသတ်ခံလိုက်ရတာပါ။

သတင်း

ထို့အပြင် ကိုဝေယံဖြိုးမိုး ရောက်ရှိနေသည့် အင်းစိန် ထောင်တွင်း မတရားချုပ်နှောင်ခံထားရချိန် တစ်လျှောက်လုံးတွင်လည်း ထောင်တွင်းညှဉ်းပမ်းနှိပ်စက်မှုများ အကြိမ်ကြိမ်ခံခဲ့ရကြောင်းလည်း ABFSUက ဖော်ပြခဲ့သည်။

သတင်း

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က နေ ၂၀၂၂ ခုနှစ် မေလ ၅ ရက်အထိစာရင်းတွေအရNLD ပါတီဝင် ၉၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

သတင်း

NLD သည် မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒနှင့်အညီစစ်မှန်သောဒီမိုကရေစီစနစ်အောက်မှကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် နောက်ထပ် ရွေးကောက်ပွဲရလဒ်တစ်ခု ပေါ်ထွက်မလာမီအချိန်ထိ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆင့်လွှဲအာဏာကို နိုင်ငံရေးလွှဲအပ် ကိုယ်စားပြုအာဏာအဖြစ်ကျင့်သုံးမည် ဖြစ်ကြောင်းထုတ်ပြန်သည်။