Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွေးကြေးမုံရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေပြီး ဒေသခံပြည်သူအများအပြားလည်း ဖမ်းဆီးခံထားရ

“ပြည်သူတွေကို အိမ်ထဲတွေထိ ဝင်ခေါ်ပြီး ဘုန်းကြီးကျောင်းတွေထဲမှာ ဖမ်းဆီးထားပြီး ဖုန်းတွေ သိမ်းထားတယ်လို့သိရပါတယ်”ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောသည်။

မုံရွေးကြေးမုံရွာ မီးရှို့ဖျက်ဆီးခံနေရသည်ကို မြင်တွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး၊ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး
မုံရွေးကြေးမုံရွာ မီးရှို့ဖျက်ဆီးခံနေရသည်ကို မြင်တွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး၊ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ မုံရွေးကြေးမုံကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးနေပြီး ဒေသခံပြည်သူများလည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၄ရက်)နံနက် ၉နာရီခွဲခန့်က စစ်ကောင်စီတပ်သည် မုံရွေးကြေးမုံကျေးရွာကို ဝင်ရောက် စီးနင်းပြီး ဒေသခံပြည်သူအများအပြားအား ဖမ်း​ဆီးခဲ့ကြောင်း၊ ထို့နောက်နေအိမ်တစ်လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူတွေကို အိမ်ထဲတွေထိ ဝင်ခေါ်ပြီး ဘုန်းကြီးကျောင်းတွေထဲမှာ ဖမ်းဆီးထားပြီး ဖုန်းတွေ သိမ်းထားတယ်လို့သိရပါတယ်”ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောသည်။

ယနေ့ (အောက်တိုဘာ ၅ရက်) နံနက်၈ နာရီ မိနစ် ၅၀ခန့်တွင် ကျေးရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ခုနစ်လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး နံနက်၁၁နာရီခွဲခန့်တွင်လည်း ထပ်မံမီးရှို့နေကြောင်း ဒေသခံများက ပြောသည်။

“မုံရွေးကြေးမုံရွာက တာယာလုပ်ငန်း လုပ်ကိုင်တဲ့ နေအိမ်ကို စပြီး မီးရှို့တာလို့ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် မုံရွာမြို့နယ်ရှိ လယ်ဇင်ရွာအဝင်လမ်းကိုလည်း ဘူဒိုဇာဖြင့်ထိုးကော်ကာ ဖျက်ဆီးသွားကြောင်း မုံရွာဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း စစ်အာဏာရှင်ဆန့်ကျင်မှုအားကောင်းသည့် ကျေးရွာများ၏ မုံရွာ – အမြင့်လမ်းကိုလည်း ဘူဒိုဇာဖြင့်ထိုး ဖျက်ဆီးခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နိုင်ငံရေးပါတီများအနေဖြင့် စစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲကို ပါဝင်ခြင်းမပြုရန် STA ၏ တောင်းဆိုချက်မှာ လူထုအမြင် သဘောထားနှင့် ကိုက်ညီမှုရှိကြောင်း ပြည်တွင်းရှိ နိုင်ငံ ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်သည်။

သတင်း

စစ်ကောင်စီတပ်သည် ပုလောမြို့သို့လာရောက်စဥ်ပလမြို့မှ ကိုဌေးလွင်အပါအဝင် အရပ်သားသုံးဦးနှင့်ပြည်သူပိုင်ကားအချို့ကို ချောဆွဲလာခဲ့ခြင်းဖြစ်သည်။ ကိုဌေးလွင်အပါ

သတင်း

လမ်းပိုင်းပျက်စီးသွားခြင်းကြောင့် မုံရွာတောင်နယ်နှင့် ချောင်းဦးမြို့နယ်နေ ပြည်သူများအတွက် ကုန်သွယ် ရေး၊ လမ်းသွားလာရေးခက်ခဲလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဦးမောင်ဝိတ်ဆီက လာဘ်ယူတယ်ဆိုတဲ့အမှုမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့အဂတိပုဒ်မနဲ့တရားစွဲထားတာပါ။