Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ – ကော့ကရိတ် အာရှလမ်းတွင် ဇာတ်အဖွဲ့ယာဥ်နှင့် ကုန်တင်ယာဥ်တိုက်မိပြီး လူသေဆုံးမှုရှိ

​မြဝတီ – ကော့ကရိတ် အာရှလမ်း ကွမ်းခြံကုန်းအဆင်းနေရာတွင် ယနေ့(အောက်တိုဘာ ၅ရက်)ညနေ ၄နာရီခန့်က ယာဥ်တိုက်မှုဖြစ်ခဲ့သည်။

ဓာတ်ပုံ - ပုလဲဖြူ၊ Cj
ဓာတ်ပုံ - ပုလဲဖြူ၊ Cj

မြဝတီ – ကော့ကရိတ် အာရှလမ်းတွင် ဇာတ်အဖွဲ့ယာဥ်နှင့် ကုန်တင်ယာဥ်တိုက်မိပြီး သေဆုံးဒဏ်ရာရသူများပြားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

​မြဝတီ – ကော့ကရိတ် အာရှလမ်း ကွမ်းခြံကုန်းအဆင်းနေရာတွင် ယနေ့(အောက်တိုဘာ ၅ရက်)ညနေ ၄နာရီခန့်က ယာဥ်တိုက်မှုဖြစ်ခဲ့သည်။

“အာရှလမ်းကွမ်းသီးတောအဆင်း ဇာတ်ပွဲကား တိမ်းမှောက်။ ထိခိုက်ဒဏ်ရာ၊ သေဆုံးလူနာ များပြား”ဟု ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့က ကနဦးသတင်းထုတ်ပြန်ထားသည်။

တိမ်းမှောက်သည့် ယာဥ်သည် မော်လမြိုင်မြို့မှ”ပွင့်နေခြည်” ဇာတ်အဖွဲ့ဖြစ်သည်။ သေဆုံးသူနှင့်ဒဏ်ရာရသူအရေအတွက်ကို မသိရသေးပေ။ လူမှုကူညီရေးအဖွဲ့များက အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်နေဆဲဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“ပြည်သူကို ဒုက္ခပေးနေလို့ လမ်းခုလတ်မှာ ဖြတ်ပြီး ဝင်တိုက်ခဲ့တာပါ။ သူတို့က လေးယောက်ပဲ ထွက်လာတာ”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့မှတာဝန်ရှိသူက ​ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ပုလောမြို့သို့လာရောက်စဥ်ပလမြို့မှ ကိုဌေးလွင်အပါအဝင် အရပ်သားသုံးဦးနှင့်ပြည်သူပိုင်ကားအချို့ကို ချောဆွဲလာခဲ့ခြင်းဖြစ်သည်။ ကိုဌေးလွင်အပါ

သတင်း

အထက်ပါ စစ်ကောင်စီယာဥ်သည် မတရားသဖြင့် ကောက်ယူထားသော ပြည်သူ့ချွေးနည်းစာ မီတာခများကို ၎င်းတို့၏ရိက္ခာအဖြစ်ပြုလုပ်မည်ကို ခွင့်မပြုနိုင်သောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြစ်ငယ် PDF က အသိပေးထားသည်။

သတင်း

စက်တင်ဘာလ တစ်လတာအတွင်း ကရင်နီပြည်နယ်၌ KNDF ၊ ကရင်နီတပ်မတော် (KA)၊ အခြားမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွား ခဲ့မှုများကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။