Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ဒိုက်ဦးမြို့နယ် ခြေမြန်တပ်ရင်း (၄၄၀)အား (၄၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်းအတွင်းရှိ မြို့ပြ ပျောက်ကျားတပ်ဖွဲ့ဝင်များသည် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယခုထက်ပိုမိုတိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ​၏ အနီးနားမှ သွားလာနေထိုင်ခြင်းမပြုကြပါရန် တိုက် တွန်းထားသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'
'နန်းထိုက်အောင်စစ်ဆင်ရေး'

နန်းထိုက်အောင်စစ်ဆင်ရေး‘အဖြစ် ဒိုက်ဦးမြို့နယ် ခြေမြန်တပ်ရင်း အမှတ် (၄၄၀)အား (၄၀)မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၄ ရက်) ည ၇ နာရီခန့်က ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ခြေမြန်တပ်ရင်းအမှတ် (၄၄၀) ဂိတ်ကင်းပုန်းအား နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဗိုလ်မိုက်ခဲဦးဆောင်သည့် ကျောက်ကြီးမြို့ပြ ပျောက်ကျားအဖွဲ့မှ (၄၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

“ထိုပစ်ခတ်မှုတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရခဲ့ပြီး နောက်ဆက်တွဲ ထိ ခိုက်ဒဏ်ရာရရှိမှုအသေးစိတ်ကိုအတည်ပြုဆဲဖြစ်ပါ သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း မြို့ပြပျောက်ကျားအဖွဲ့ဝင်များအနေဖြင့် ဘေးကင်းရာသို့ အောင်မြင်စွာပြန် လည်ဆုတ်ခွာနိုင်ခဲ့ပြီးဖြစ်ပါသည်”ဟု ရန်ကုန်စစ်ဒေသခွဲက ပြောသည်။

ပဲခူးတိုင်းအတွင်းရှိ မြို့ပြ ပျောက်ကျားတပ်ဖွဲ့ဝင်များသည် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယခုထက်ပိုမိုတိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ​၏ အနီးနားမှ သွားလာနေထိုင်ခြင်းမပြုကြပါရန် တိုက် တွန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"(သေနတ်ဖြင့်)လေးချက် ပစ်ခတ်ခဲ့ပါတယ်။ မော်ကျွန်း (၁၂)လမ်းက ဆာဝါဒီလက်ဘက်ရည်ဆိုင်ထဲမှာပါ"ဟု ဧရာဝတီလင်းပိုင် PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

အထက်ပါ စစ်ကောင်စီယာဥ်သည် မတရားသဖြင့် ကောက်ယူထားသော ပြည်သူ့ချွေးနည်းစာ မီတာခများကို ၎င်းတို့၏ရိက္ခာအဖြစ်ပြုလုပ်မည်ကို ခွင့်မပြုနိုင်သောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြစ်ငယ် PDF က အသိပေးထားသည်။

သတင်း

"လူကိုပဲ ထိတာ။ ကားကတော့ နည်းနည်းပဲထိတယ်။ သူတို့ဘက်က ရမ်းသမ်းပြန်ပစ်တာရှိပေမယ့် အပြန်အလှန် ပစ်ခတ်တာမရှိခဲ့ဘူး"ဟု မြိတ်ခရိုင် တပ်ရင်း (၁)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

အဆိုပါဒရုန်းတပ်ဖွဲ့များသည် စက်တင်ဘာအတွင်း၌ပင် ရွှေဘိုနှင့်ခင်ဦးမြို့နယ်များရှိ စစ်ကောင်စီတပ်နှင့်ပျူ တပ်စွဲရာကျေးရွာများ၊ စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ဆေးရေးဂိတ်များအား ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့သေးသည်။