Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ဒဂုံမြို့နယ် (၉၂)ရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှူး​၏ အရက်ဆိုင်အား သတိပေးဖောက်ခွဲ၊ ရာအိမ်မှူး​၏ ယာဥ်တစ်စီးပျက်စီး

“ကျွန်တော်တို့ လုပ်စရာရှိတာတွေကို တစ်ဆင့်ချင်းရှေ့ ဆက်လုပ်သွားပါမယ်”ဟု SDGF မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

တောင်ဒဂုံမြို့နယ် (၉၂)ရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှူး​၏ အရက်ဆိုင်အား သတိပေးဖောက်ခွဲ၊ ရာအိမ်မှူး​၏ ယာဥ်တစ်စီးပျက်စီး
တောင်ဒဂုံမြို့နယ် (၉၂)ရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှူး​၏ အရက်ဆိုင်အား သတိပေးဖောက်ခွဲ၊ ရာအိမ်မှူး​၏ ယာဥ်တစ်စီးပျက်စီး

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ယုဇနဥယျာဥ်မြို့တော် (၉၂)ရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှူး အောင်ကျော်စောပိုင် အရက်နှင့် အဖျော်ယမကာအရောင်းဆိုင်အား သတိပေးသည့်အနေဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့ SDGF က ပြောသည်။

ယနေ့ (အောက်တိုဘာ ၅ ရက်) ည ၇ နာရီ ၅၂ မိနစ်ခန့်က ရာအိမ်မှူးအောင်ကျော်စော ပိုင်ဆိုင်သော ‘ရွှေမြင့်မိုရ်’အဖျော်ယမကာ စတိုးဆိုင်ရှေ့ ဖောက်ခိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရာအိမ်မှူးပိုင် ယာဥ်တစ်စီးပျက်စီးသွားသည်ဟု ဆိုသည်။

အဆိုပါ အောင်မြင့်မိုရ် အရက်ဆိုင်ပိုင်ရှင်အောင်ကျော်စောသည် လောင်စာဆီမှောင်ခိုလုပ်ငန်းဖြင့် စစ်ကောင်စီထောက်တိုင်အဖြစ် ရပ်တည်နေသူဖြစ်ပြီး စစ်တပ်ထုတ်ကုန် မြန်မာဘီယာများ အဓိကရောင်းချနေသူအဖြစ် စုံစမ်းသိရှိရကြောင်း SDGF က ပြောသည်။

အလားတူ စစ်ကောင်စီလက်ဝေခံ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများသည် တော်လှန်ရေးရဲဘော်များ၏ မိသားစုဝင်များကို လိုက်လံသတ်ဖြတ်နေကြောင်း ရွံရှာဖွယ်ကြားသိနေရပြီး SDGF အနေဖြင့်လည်း စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များအား ရန်ငါပြတ်စွာ ဆက်လက်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

“ကျွန်တော်တို့ လုပ်စရာရှိတာတွေကို တစ်ဆင့်ချင်းရှေ့ ဆက်လုပ်သွားပါမယ်”ဟု SDGF မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

အထက်ပါတိုက်ခိုက်မှုကို တောင်ဒဂုံပြောက်ကျားတပ်ဖွဲ့ SDGF နှင့် ဒို့ရိုးရာ ပြောက်ကျားတပ်ဖွဲ့စသည့် ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ လုံခြုံရာသို့ရောက်ရှိပြီဖြစ်ကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ကိုကျော်ဆွေဝင်းတို့ မိသားစုကို စစ်ကောင်စီက ဖမ်းသွားပြီ။ ကလေးတွေပါ ဖမ်းသွားတာ။ ကလေးတစ်ဦးဆို အသက် ငါးနှစ်ပဲ ရှိသေးတာ"ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

သတင်း

ယမန်နေ့ တိုက်ပွဲများအတွင်း ကော်ဘရာ စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်ကျဆုံးမရှိကြောင်း အသိပေးထားသည်။

သတင်း

"ပြည်သူလူထုအနေနဲ့က စစ်ကောင်စီနဲ့နီးတဲ့ နေရာတွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့ ဝေးရာမှာ ရှောင်ဖို့ အကြံပြုချင်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

နိုင်ငံရေးပါတီများအနေဖြင့် စစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲကို ပါဝင်ခြင်းမပြုရန် STA ၏ တောင်းဆိုချက်မှာ လူထုအမြင် သဘောထားနှင့် ကိုက်ညီမှုရှိကြောင်း ပြည်တွင်းရှိ နိုင်ငံ ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်သည်။