Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အစည်းအဝေးကပြန်လာသည့် စစ်အုပ်စုကို ပြည်ခရိုင် PDF ပစ်ခတ်တိုက်ခိုက်၊ ရဲတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရဟုဆို

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်မှ ရဲတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရပြီး စစ်ကောင်စီတပ်နှင့်အတူပါလာသော ပျူစောထီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်သည်။

(ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ (၁)မှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်)
(ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ (၁)မှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်)

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်တွင် အစည်းအဝေးတက်ပြီးပြန်လာသည့် စစ်အုပ်စုကို လမ်းတစ်နေရာမှပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ (၁)က ပြောသည်။

ယနေ့(အောက်တိုဘာ ၅ ရက်) နေ့လယ် ၁ နာရီ ၄၅မိနစ်ခန့်က စစ်ကောင်စီအစည်းအဝေးတက်ပြီး စစ်ကောင်စီတပ်ကလုံခြုံရေးပေး ပြန်လာသည့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကို ကုန်းအင်းရွာနှင့် မင်းလမ်းရွာကြားတွင် ပြည်ခရိုင် PDF တပ်ရင်းက လမ်းတစ်နေရာမှ ၂ နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်မှ ရဲတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရပြီး စစ်ကောင်စီတပ်နှင့်အတူပါလာသော ပျူစောထီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်သည်။

“တိုက်ခိုက်ချိန်၂ နာရီခွဲနဲ့ ၃ နာရီနီးပါးလောက်ရှိတယ်ဗျ။ ကျွန်တော်တို့ဘက်က လက်ဦးမူယူပြီး တိုက်တာပါ”ဟု ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ (၁)မှ တော် လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးတစ်ဦးကို ပေါင်းတည်မြို့နယ်ဆေးရုံးသို့ သယ်ဆောင်သွားကြောင်း တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ(၁)က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုတွင် ပြည်ခရိုင်တပ်ရင်း (၃၆၀၂) တပ်ခွဲ(၁)မှ ရဲဘော်များ အထိအခိုက်မရှိ ဘေးအန္တရယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပလိုင်းကျေးရွာသည် ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်လည်း တပ်စွဲထားကာ အနီးဝန်းကျင်ရွာများအား မကြာခဏ စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေသည်။

သတင်း

"တောင်လက်မှာ တပ်စွဲနေတဲ့ စခနှင့်ပျူများပြန်လည်ဆုပ်ခွာသွားပြီ။ ပစ္စည်းတွေဆုံးရှုံးမှုတွေရှိသလို အသေအပျောက်တွေရှိပါတယ်။"ဟု မင်းကင်းဒေသခံတစ်ဦးက ပြောသည်။

သတင်း

မန်တုံမြို့တွင် စက်တင်ဘာ ၂၉ရက်က တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းကို KIA/PDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

လတ်တလောဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ပြည်သူများ သတိပြု သွားလာနေထိုင်ကြရန် မြိတ်ခရိုင်တပ်ရင်း (၂)က တိုက်တွန်း နှိုးဆော်ထားသည်။