Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟုမ္မလင်းမြို့နယ် ဒီချုပ်အမတ် မိသားစုလိုက် စစ်ကောင်စီ ဖမ်းဆီးသွား

“ကိုကျော်ဆွေဝင်းတို့ မိသားစုကို စစ်ကောင်စီက ဖမ်းသွားပြီ။ ကလေးတွေပါ ဖမ်းသွားတာ။ ကလေးတစ်ဦးဆို အသက် ငါးနှစ်ပဲ ရှိသေးတာ”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

(အမတ်ဦးကျော်ဝင်းဆွေအား တွေ့ရစဉ်)
(အမတ်ဦးကျော်ဝင်းဆွေအား တွေ့ရစဉ်)

▪️အသက်ငါးနှစ်အရွယ်ကလေးငယ်တစ်ဦး ပါဝင်

ဟုမ္မလင်းမြို့နယ် ဒီချုပ်ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မိသားစုကို စစ်ကောင်စီက ဖမ်းဆီးသွား၍ ၎င်းတို့၏ အသက်အန္တရာယ်အတွက် မြို့ခံများက စိတ်ပူနေသည်။

ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းနှင့် ဇနီး၊ သားသမီးသုံးဦးကို စစ်ကောင်စီတပ်က ယမန်နေ့ (အောက်တိုဘာ ၅ရက်)ညတွင် မုံရွာမြို့၌ ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ကိုကျော်ဆွေဝင်းတို့ မိသားစုကို စစ်ကောင်စီက ဖမ်းသွားပြီ။ ကလေးတွေပါ ဖမ်းသွားတာ။ ကလေးတစ်ဦးဆို အသက် ငါးနှစ်ပဲ ရှိသေးတာ”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

ဦးကျော်ဝင်းဆွေသည် အသက် ၃၅နှစ်ခန့်ရှိပြီး ရှမ်းနီတိုင်းရင်းသားတစ်ဦးဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီကိုယ်စားပြု၍ ဟုမ္မလင်းမြို့နယ်၊အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့သည်။

စစ်ကောင်စီက ပုဒ်မ – ၅၀၅ ဖြင့် ဝရမ်းထုတ်ထား၍ တိမ်းရှောင်နေစဥ် ယခု ဖမ်းဆီးခံရခြင်းဖြစ်သည်။ ယမန်နေ့ ည ၉နာရီခန့်က ဖမ်းဆီးခံရပြီး ယနေ့ နံနက် ၉နာရီခန့်အထိ နောက်ဆက်တွဲသတင်းမကြားရသေးကြောင်း မုံရွာမြို့ခံများက ပြောသည်။

“စစ်ကောင်စီကတော့ အရမ်းကာရော စစ်တာ၊ဆေးတာလုပ်နေတာမို့ ကျွန်တော်တို့ မိတ်ဆွေကြီးအတွက် စိတ်ပူပါတယ်။ သတင်းထုတ်ပြန်မှုတွေကို နားစွင့်နေရတယ်”ဟု ဦးကျော်ဝင်းဆွေ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်က ခင်ဦးမြို့နယ်အား ဆက်သွယ်ရေး၊ အစားအသောက် ရိက္ခာ၊ကုန်ပစ္စည်း၊ လမ်းကြောဖြတ်တောက်ခြင်းပြုလုပ်နေသည်ဟု ဒေသခံများက ယူဆ​ကြသည်။

သတင်း

မနေ့က ညနေပိုင်း ၃ နာရီလောက်မှာ စစ်ကောင်စီ ယာဉ်တန်းကို စောင့်ဆိုင်းပြီး မိုင်း ၃ လုံးနဲ့ ကြိုတင်တိုက်ခိုက်ဖို့စီမံခဲ့ပေမယ့် ၁ လုံးသာဖောက်ခွဲနိုင်ခဲ့တယ်လို့သိရပါတယ်။

သတင်း

ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ထောင်ဒဏ် ၃နှစ် ၊ အီလက်ထရောနစ်ဆက်သွယ်ရေး ပုဒ်မ နဲ့ ထောင်ဒဏ် ၇ နှစ်ချလိုက်တာပါ။

သတင်း

အနီးပတ်ဝန်းကျင်တွင် နေထိုင်သောပြည်သူလူထုများမှာလည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ထားသည်။