Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ အာရှလမ်းပေါ် ဇာတ်အဖွဲ့ကားတိမ်းမှောက်မှု ၁၁ ဦးသေဆုံး

“ဇာတ်ကမော်လမြိုင်က ဇာတ်အဖွဲ့၊ မြဝတီကိုသွားရင်း တိမ်းမှောက်တာလို့သိရတယ်”ဟု သဘင်အစည်းအရုံးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

(ဇာတ်အဖွဲ့ကားတိမ်းမှောက်ပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(ဇာတ်အဖွဲ့ကားတိမ်းမှောက်ပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ‘ပွင့်နေခြည်’ ဇာတ်အဖွဲ့ကား တိမ်းမှောက်ခဲ့ရာ (၂)နှစ်ကလေးငယ်တစ်ဦးအပါအဝင် ဇာတ်သဘင်အနုပညာရှင် ၁၁ဦး သေဆုံးခဲ့ကြောင်း သဘင်အနုပညာအသိုင်းအဝိုင်းက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၅ ရက်) ညနေ ၄ နာရီ ၄၅မိနစ်ခန့်က မြဝတီမြို့နယ် ကွမ်းခြံကုန်းအဆင်းတွင် မွန်ပြည်နယ်အခြေစိုက် ‘ပွင့်နေခြည်’ဇာတ်အဖွဲ့ ကားတိမ်းမှောက်ခဲ့ရာ ယခုအချိန်ထိ အနုပညာရှင် ၁၁ဦးကွယ်လွန်ပြီး ၂၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဇာတ်ကမော်လမြိုင်က ဇာတ်အဖွဲ့၊ မြဝတီကိုသွားရင်း တိမ်းမှောက်တာလို့သိရတယ်”ဟု သဘင်အစည်းအရုံးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထိခိုက်သူများအနက် အများစုမှာ အမျိုးသားများဖြစ်ပြီး အမျိုးသမီး ခုနစ်ဦးထက်မနည်းပါဝင်ကြောင်း၊ မြဝတီဆေးရုံတွင် ဆေးကုသမှုခံယူနေကာ အကူအညီများလိုအပ်နေကြောင်း ဒေသတွင်းလူမှုကူညီရေးအသင်းများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

အအေးမိနဲ့ ချောင်းဆိုး ရောဂါတွေအတွက် ထုတ်လုပ်ထားတဲ့ အဲဒီဆေးတွေမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ကလေးတွေရဲ့ ကျောက်ကပ်ကို ထိခိုက်စေပြီး အသက်သေဆုံးတဲ့ထိ ဆိုးကျိုးတွေ ကြုံတွေ့တယ်လို့ ယုံကြည်ရကြောင်း WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က ပြောပါတယ်။

နိုင်ငံတကာ

ပန်ယာဟာ အခင်းဖြစ်တဲ့ နေရာကနေ အဖြူရောင် ပစ်ကပ် ထရပ်ကား တစ်စီးကို မောင်းပြေးသွားပြီး လမ်းမှာ ဆိုင်ကယ်စီးလာသူ နှစ်ယောက်ကို ဝင်တိုက်ခဲ့ပါသေးတယ်။ နောက်ဆုံးတော့ သူ့ဇနီးနဲ့ မယားပါသားကိုရော၊ သူ့ကိုယ်သူပါ သတ်ပစ်ပြီး အခုလို စက်ဆုပ်စရာ မှုခင်းကြီးကို အဆုံးသတ်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီတပ်များ ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ရွာသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး ရွာသားတစ်ဦးအား ဖမ်းဆီးခဲ့ကာ ကေအဲန်ယူ-မူး(မုန်း)မြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာကိုလည်း စစ်ကောင်စီတပ်များမှ အတင်းအဓမ္မပြောင်းရွှေ့စေခဲ့သည်ဟု ကေအဲန်ယူမှ ထုတ်ပြန်ထားသည်။

သတင်း

ယမန်နေ့ တိုက်ပွဲများအတွင်း ကော်ဘရာ စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်ကျဆုံးမရှိကြောင်း အသိပေးထားသည်။