Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်မြို့တွင် မြို့နယ်တရားသူကြီး ပစ်သတ်ခံရဟုဆို

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကားမောင်းနှင်လာသည့် တရားသူကြီးတစ်ဦးကို အမျိုးသားအချို့က သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွားခြင်းဟု ဒေသခံများက ပြောသည်။

မူဆယ်မြို့တွင် မြို့နယ်တရားသူကြီး ပစ်သတ်ခံရဟုဆို
မူဆယ်မြို့တွင် မြို့နယ်တရားသူကြီး ပစ်သတ်ခံရဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့လယ်တွင် မြို့နယ်တရားသူကြီးတစ်ဦး ပစ်သတ်ခံရမှု ယနေ့(အောက်တိုဘာ၆ရက်) ညနေက ဖြစ်ပွားခဲ့သည်။

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကားမောင်းနှင်လာသည့် တရားသူကြီးတစ်ဦးကို အမျိုးသားအချို့က သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွားခြင်းဟု ဒေသခံများက ပြောသည်။

“ပစ္စတိုနဲ့ပစ်သွားတာ ပွဲချင်းပြီးပဲတဲ့။ ညနေ ၅နာရီခွဲလောက်က ပစ်သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူသည် မူဆယ်မြို့နယ်တရားသူကြီးဟု ဒေသခံအချို့က ပြောသော်လည်း အမည်နှင့်ရာထူးအသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပေ။ တရားသူကြီးအချို့ကမူ ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်မိတ်ဆွေ တရားသူကြီး အသတ်ခံရသည်ဟုဆိုကာ ဝမ်းနည်းကြောင်း လူမှုကွန်ရက်၌ ရေးတင်ထားသည်ကို တွေ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်သူ့စစ်အဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံများဖြစ်ပြီး စစ်ကောင်စီအထိနာအောင် ယခုကဲ့သို့ ပစ်ခတ်သွားသည့်လုပ်ရပ်အတွက် ချီးကျူးကြောင်း မြို့ခံများက ပြောသည်။

သတင်း

ယနေ့(သြဂုတ် ၃၀ ရက်)နေ့လည် ၁၂ နာရီခွဲခန့်က အင်းစိန်စျေးနှင့် လဟာပြင်စျေးကြား၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

သတင်း

လက်ရှိကာလတွင် စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ခိုက်မှုအရှိန်မြှင့်မည်ဖြစ်၍ စစ်ကောင်စီ ပစ်မှတ်များနှင့် ဝေးဝေးနေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ သတိပေးနေသည်။

သတင်း

ဒီပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာလည်း ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။