Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲမြို့ပေါ် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ပုလဲမြို့ပေါ် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်
ပုလဲမြို့ပေါ် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်၌ ယမန်နေ့ညက ညအချိန်ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးနိုင်ကြောင်း ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပုလဲမြို့ပေါ် တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် ယမန်နေ့ (အောက်တိုဘာ ၆ရက်) ည ၉ နာရီခန့်က မြို့ပေါ်ကင်းလှည့်ထွက်လာရာ ပုလဲမြို့နယ်မီးသတ်ရုံးရှေ့၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးခန့်သေဆုံးနိုင်ပြီး သုံးဦးခန့်ဒဏ်ရာရရှိသွားကြောင်း ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ (ယင်းမာပင်ခရိုင်-အမှတ်၁၀တပ်ရင်း)က ယာယီသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Escape က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက် ညနေပိုင်းကလည်း ပုလဲမြို့ပေါ်ရှိ မြို့နယ်ရဲတပ်ဖွဲ့စခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စစ်ကောင်စီတပ်စွဲရာနေရာများအား မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ (အောက်တိုဘာ ၇ ရက်) နံနက် ၇ နာရီခန့်က သင်တောကျေးရွာမှ စစ်ကောင်စီတပ်များသည် အရှေ့မြောက်ဘက်ရှိ အောက်တဲရွာဘက်သို့ ဦးတည်ထွက်ခွာလာသည်။

သတင်း

စစ်သင်္ဘောပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးမှာ စနိုက်ပါကျည်ထိပြီး ရေထဲ ကျသွားကြောင်း KLG PDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

တမူးမြို့မှ စစ်ကောင်စီတပ်သည် ကလေးမြို့အခြေစိုက် ခြေလျင်တပ်ရင်းတစ်ခုဖြင့် တပ်အချိန်းအပြောင်းပြုလုပ်ရန် စက်တင်ဘာလကစ၍ ကြိုးစားနေခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲများအတွင်း KNLA၊ KNDOနှင့် မိတ်ဖက် တော်လှန် ရေးတပ်များဖက်မှ ၅ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိဟု ဖော်ပြထားသည်။