Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရ

ယနေ့ (အောက်တိုဘာ ၇ ရက်) နံနက် ၇ နာရီခန့်က သင်တောကျေးရွာမှ စစ်ကောင်စီတပ်များသည် အရှေ့မြောက်ဘက်ရှိ အောက်တဲရွာဘက်သို့ ဦးတည်ထွက်ခွာလာသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇော်ချောင်းကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သည် စစ်ကြောင်း ဆက်ထိုးနေ၍ ပြည်သူအများအပြား ထပ်မံတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာ ၇ ရက်) နံနက် ၇ နာရီခန့်က သင်တောကျေးရွာမှ စစ်ကောင်စီတပ်များသည် အရှေ့မြောက်ဘက်ရှိ အောက်တဲရွာဘက်သို့ ဦးတည်ထွက်ခွာလာသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ​၍ တိမ်းရှောင်နေကြသည့် သင်တောနှင့် ဇော်ချောင်းရွာမှ စစ်ဘေးရှောင်ပြည်သူအချို့သည် ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

လက်ရှိတွင် စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်ပြည်သူ ၇,၅၀၀ ခန့်ရှိပြီး ကန့်ဘလူခရိုင်တစ်ခုလုံး စစ်ရှောင် ၃သောင်းနီးပါးခန့်ရှိကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“အဲ့ရွာနားတွေကတော့ ဆက်တိုက်ပြေးနေတဲ့သဘောပါဗျ။ ထပ်တိုးတော့ အတိအကျမသိရသေးဘူး။”ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

အဆိုပါစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် အောက်တိုဘာ ၆ ရက် နံနက် ၁၁ နာရီ ၄၀ ခန့်က ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ဇော်ချောင်းရွာအား လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ပြိီးနောက် မွန်းလွဲပိုင်းတွင် သင်တောရွာသို့ လက်နက်ကြီးများပစ်ပြီး ထပ်မံဝင်ရောက်ခဲ့သည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကောင်စီတပ်သည် ဇော်ချောင်းရွာကို ယခုနှစ်နှစ်လယ်ပိုင်းက နေအိမ်တစ်လုံးကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ဇွန်လ ၈ ရက်တွင် အိမ်ခြေ(၉၃)လုံး၊ ​အောက်တိုဘာ ၄ ရက်က အိမ်ခြေ သုံးလုံး၊ စုစုပေါင်း အိမ်ခြေ ၉၇လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့က ပြောသည်။

ဇော်ချောင်းကျေးရွာသည် အိမ်ခြေ ၁၈၀ကျော်ရှိပြီး လူဦးရေ ၁,၀၀၀ ခန့်ရှိကာ ယခုအခါရွာလုံးကျွတ် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကလေးငယ်များကိုပင် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်နေသည့် ရန်သူစစ်အာဏာ ရှင် အနေဖြင့် ပြည်သူလူထု၏ ဆန္ဒကို စဉ်းစားမည်မဟုတ်ဘဲ ၎င်းတို့ အာဏာတည်မြဲရေးအတွက် ဆက်သွားမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

လတ်တလော စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသနှင့် ပလက်၀မြို့နယ်တို့တွင် စစ်ဘေးရှောင် ရှစ်သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားသည်။

သတင်း

စစ်သင်္ဘောပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးမှာ စနိုက်ပါကျည်ထိပြီး ရေထဲ ကျသွားကြောင်း KLG PDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

တမူးမြို့မှ စစ်ကောင်စီတပ်သည် ကလေးမြို့အခြေစိုက် ခြေလျင်တပ်ရင်းတစ်ခုဖြင့် တပ်အချိန်းအပြောင်းပြုလုပ်ရန် စက်တင်ဘာလကစ၍ ကြိုးစားနေခြင်းဖြစ်သည်။