Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းမှု လက်မခံကြောင်း မန္တလေးမှာ ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြလို့ ဖမ်းခံရသူ ကျောင်းသား ၄ ဦးပြန်လွတ်လာ

စစ်တပ်အာဏာသိမ်းပြီး ၄ရက်အကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဒေါက်တာတေဇာဆန်းဦးဆောင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

အာဏာသိမ်းမှု လက်မခံကြောင်း မန္တလေးမှာ ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြလို့ ဖမ်းခံရသူ ကျောင်းသား ၄ ဦးပြန်လွတ်လာ
အာဏာသိမ်းမှု လက်မခံကြောင်း မန္တလေးမှာ ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြလို့ ဖမ်းခံရသူ ကျောင်းသား ၄ ဦးပြန်လွတ်လာ

စစ်အာဏာသိမ်းတာကို လက်မခံကြောင်း ပထမဆုံးလမ်းပေါ်ထွက် ဆန္ဒပြလို့ ဖမ်းခံခဲ့ရတဲ့ ကျောင်းသား ၄ ဦးဟာ အိုးဘိုထောင်ကနေ ဒီနေ့ ပြန်လွတ်မြောက်လာပြီလို့ မန္တလေးနိုင်ငံရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

ပြန်လည်လွတ်မြောက်လာသူ ၄ဦးဟာ ကိုမင်းညီညီထွန်း၊ကိုပြည့်စုံအောင် ၊ ကိုရဲဝင်းထွန်းနဲ့ ကိုစောဥက္ကာမင်းတို့ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၄ရက်အကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဒေါက်တာတေဇာဆန်းဦးဆောင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

စစ်အာဏာသိမ်းတာကို လူထုလက်မခံကြဖို့ ၊ လက်နက်အားကိုးဝါဒကိုဆန့်ကျင်ဖို့ ၊ဒီမိုကရေစီကိုကာကွယ်ဖို့ လူထုကို ဆော်သြခဲ့ကြတဲ့ဆန္ဒပြပွဲလည်းဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲကို စစ်တပ်က ဝင်ဖမ်းခဲ့လို့ ကျောင်းသား ၄ ဦးဖမ်းခံခဲ့ရပါတယ်။ ဖမ်းခံရသူ ၄ ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မတွေနဲ့ တရားစွဲကာ ထောင်ဒဏ် ၁ နှစ် နဲ့ ၉ လ ချခဲ့ပါတယ်။

ဒီနေ့မှာတော့ ပြစ်ဒဏ်စေ့ပြီလို့ အိုးဘိုထောင်ကနေ ပြန်လွတ်လာတာလည်းဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နိုင်ငံရေးပါတီများအနေဖြင့် စစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲကို ပါဝင်ခြင်းမပြုရန် STA ၏ တောင်းဆိုချက်မှာ လူထုအမြင် သဘောထားနှင့် ကိုက်ညီမှုရှိကြောင်း ပြည်တွင်းရှိ နိုင်ငံ ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်သည်။

နိုင်ငံတကာ

ဒုတိယ ဗိုလ်မှူးကြီး ပေါလ်ဟင်နရီ ဒါမီဘာဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ လက်အောက်ငယ်သား စစ်မှုထမ်းတွေရဲ့ ပုန်ကန်မှုကို ကြုံတွေ့ခဲ့ရတာပါ။ ဘာကီနာဖာဆို စစ်တပ်ရဲ့ အရာရှိ တချို့က ဒါမီဘာကို ဖယ်ရှားပြီး ဗိုလ်ကြီး အီဘရာဟင်မ် ထယာအိုရေးကို စစ်အစိုးရရဲ့ ယာယီ ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဘာကီနာဖာဆိုဟာ အာဏာသိမ်းမှုတွေနဲ့ မစိမ်းလှတဲ့ နိုင်ငံလို့ ဆိုရမှာပါ။ ၁၉၆၀ ပြည့်နှစ်မှာ လွတ်လပ်ရေး ရခဲ့တဲ့နောက်ပိုင်း ဘာကီနာဖာဆိုမှာ အာဏာသိမ်းမှု ၈ ကြိမ်ထက်မနည်း ကြုံခဲ့ဖူးပြီး ဖြစ်ပါတယ်။

သတင်း

LGBT Union Mandalay နှင့် လူငယ်သမဂ္ဂဗဟိုတို့ပူးပေါင်းပြီး ရန်ကုန်မြို့တစ်နေရာတွင် စစ်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့သော ဖဲကြိုးနက်ကမ်ပိန်းမှာ ၎င်းတို့နှစ်ဖွဲ့ပူးပေါင်းလုပ်ဆောင်ခဲ့သည့် နောက်ဆုံးလှုပ်ရှားမှု ဖြစ်သည်။