Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး – မိုးမိတ်လမ်းပိုင်းရှိ ရွှေတွင်းများရှိရာဆက်ကြေးကောက်ရန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်များသည် ကျောက်ဖြူရွာနှင့် ဗနွဲရွာကြားရှိ တောင်လယ်ရွာ ရွှေတွင်းများသို့ မကြာခဏ ဆက် ကြေးလာကောက်တပ်သည်ကို ကြိုတင်သိရှိထားသောကြောင့် အထက်ပါအတိုင်း စောင့်ကြိုဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေး - မိုးမိတ်လမ်းပိုင်းရှိ ရွှေတွင်းများရှိရာဆက်ကြေးကောက်ရန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရ
မန္တလေး - မိုးမိတ်လမ်းပိုင်းရှိ ရွှေတွင်းများရှိရာဆက်ကြေးကောက်ရန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရ

▪️စစ်ကောင်စီတပ်သား ငါးဦးခန့်သေဟုဆို

သပိတ်ကျင်းမြို့နယ် မန္တလေး – မိုးမိတ်လမ်းပိုင်းရှိ ရွှေတွင်းများရှိရာသို့ ဆက်ကြေးကောက်ရန် လာသည့် စစ်အုပ်စုကို မိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယနေ့(အောက်တိုဘာ ၇)နံနက် ၁၁ နာရီကျော်က မန္တလေး – မိုးမိတ်လမ်း ကျောက်ဖြူကျေးရွာနှင့် ဗနွဲကျေးရွာကြားရှိ တောင်လယ်ကျေးရွာ ရွှေတွင်းများသို့ ဆက်ကြေးကောက်ရန်လာသည့် ကားသေးတစ်စီးနှင့် လိုက်ထရပ်တစ်စီးကို မိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားငါးဦးထက်မနည်း သေဆုံးသွားသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ပစ္စည်းအားနဲ့ ခန့်မှန်းရရင်တော့ အနည်းဆုံး ငါးဦးထက်မနည်းနိုင်ပါဘူး။ သူတို့စီးလာတဲ့ကားရဲ့အနေထားဆွဲတဲ့မြေပြက်အနေထားအရပေါ့”ဟု ကြာညှပ်(ပကဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီအရာရှိလိုက်ပါလာသည့် ကားအသေးတစ်စီးထိခိုက်သည့်အပြင် လိုက်ထရပ်ယာဥ်မှာ မိုင်းထိမှန်ပျက်စီးသည့်အပြင် ထိုးရပ်သွားသည်ဟု အထက်ပါရဲဘော်က ဆက်ပြောသည်။

စစ်ကောင်စီတပ်များသည် ကျောက်ဖြူရွာနှင့် ဗနွဲရွာကြားရှိ တောင်လယ်ရွာ ရွှေတွင်းများသို့ မကြာခဏ ဆက် ကြေးလာကောက်တပ်သည်ကို ကြိုတင်သိရှိထားသောကြောင့် အထက်ပါအတိုင်း စောင့်ကြိုဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာ မြိုင်နယ်တွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတ​ပ်၊ ပျူများ မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။

ဆောင်းပါး

ရေကျော်တံတားတစ်စင်းစာခန့် ထိုးကော်ကာဖျက်ဆီးသွားသဖြင့် ကားအစ ဆိုင်ကယ်အဆုံး မည်သည့်ယာဥ်မျှ ဖြတ်သန်း၍ မရတော့ကြောင်း ဒေသခံများကပြောသည်။

သတင်း

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပန်ကြားချက်တွင် အထက်ပါအတိုင်း ဖော်ပြသည်။

နိုင်ငံတကာ

ကာမီကာဇီ ဒရုန်းတွေ ထိမှန်တဲ့အတွက် ဘီလာ ဆက်ခ်ဗာက လူနေတိုက်တစ်လုံး ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး တခြား အခြေခံ အဆောက်အအုံတွေလည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ လူအသေအပျောက် ရှိသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။