Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လေကြောင်းရန်ကာကွယ်ရေးပစ္စည်းပိုင်ဆိုင်ထားပြီး ပစ်ချမည်ဟု NUG ဝန်ကြီးပြော

ပြည်သူလူထုကို လေကြောင်းမှ ဒုက္ခပေး၊ သတ်ဖြတ်နေသူများ၏ မှတ်တမ်းများကို ရယူစုဆောင်းနေပြီး ယင်းကျူးလွန်သူများသည် နောင်တချိန်တွင် အရေးယူအပြစ်ပေးခံရမည်ဟု ဝန်ကြီးဦးထင်လင်းအောင်က သတိပေးသည်။

လေကြောင်းရန်ကာကွယ်ရေးပစ္စည်းပိုင်ဆိုင်ထားပြီး ပစ်ချမည်ဟု NUG ဝန်ကြီးပြော
လေကြောင်းရန်ကာကွယ်ရေးပစ္စည်းပိုင်ဆိုင်ထားပြီး ပစ်ချမည်ဟု NUG ဝန်ကြီးပြော

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်ရန် နေရာတိုင်း၌ ပစ္စည်းမရှိသော်လည်း အချို့နေရာများတွင် ပစ္စည်းရှိပြီး ရှိသည့်နေရာနှင့်တိုးပါက ပစ်ချမည်ဟု NUG ဝန်ကြီး ဦးထင်လင်းအောင်က ပြောသည်။

ယနေ့ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ NUG သတင်းစာရှင်းလင်းပွဲ၌ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“တိတိကျကျပြောရရင် ကျွန်တော်တို့က ပြည်သူလူထုကို ကာကွယ်ရမယ့်အနေအထားလည်းရှိတယ်။ ကာကွယ်ရမှာလည်းဖြစ်တယ်။ ထို့အတူ ကျွန်တော်တို့ဆီမှာ ခုနက ပြောသွားသလို၊ ကာကွယ်ရေးဝန်ကြီးလည်း ပြောထားပါတယ်။ ကျွန်တော်တို့ဆီမှာ ဒီလေကြောင်းရန်ကို ကာကွယ်ဖို့အတွက် ပစ္စည်းရှိထားပြီလားဆိုတော့ ရှိတာပေါ့။ ဒါပေမဲ့ ဘယ်နေရာတွေမှာ ရှိလဲဆိုတာ နေရာတိုင်းမှာတော့ မရှိဘူး။ ဒါပေမဲ့ အချို့နေရာတွေမှာတော့ ရှိပါတယ်။ ရှိလို့ အဲဒီနေရာနဲ့ လာတိုးရင်တော့ ကျွန်တော်တို့က ပစ်ချမှာပဲ။ ဒါ ပွင့်ပွင့်လင်းလင်းပြောတာ” ဟု ၎င်းက ဆို သည်။

ပြည်သူလူထုကို လေကြောင်းမှ ဒုက္ခပေး၊ သတ်ဖြတ်နေသူများ၏ မှတ်တမ်းများကို ရယူစုဆောင်းနေပြီး ယင်းကျူးလွန်သူများသည် နောင်တချိန်တွင် အရေးယူအပြစ်ပေးခံရမည်ဟု ဝန်ကြီးဦးထင်လင်းအောင်က သတိပေးသည်။

အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဥ်မောင်းနှင်နေသာ လေယာဥ်မှူးများ၊ ရဟတ်ယာဥ်မောင်းနှင်နေသော လေယာဥ်မှူးများအနေဖြင့် ပြည်သူလူထုကို မျက်နှာမူရန် နှင့် လူထုကို မျက်နှာမမူဘဲ တရားစီရင်ချိန်မှ အထက်က စေခိုင်းသဖြင့် လုပ်ဆောင်ရပါသည်ဟု ရှောင်လွှဲ၍ မရကြောင်း ၎င်းက ဆက်လက်သတိပေးသည်။

အပြည်ပြည်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကလည်း အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂတို့နှင့် ပူးပေါင်းလုပ်ဆောင်နေသည်များရှိပြီး လေကြောင်းတိုက်ခိုက်မှု၏ အဓိကရင်းမြစ်တစ်ခုဖြစ်သော လေယာဥ်ဆီ ဖြတ်တောက်နိုင်ရေးကိုလည်း လုပ်ဆောင်နေကြောင်း ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုသို့ စစ်ကောင်စီ၏ ရွေးကောက်ပွဲက မြန်မာနိုင်ငံသာမက ဒေသတွင်းတစ်ခုလုံးအား မတည်ငြိမ်မှုကို ပိုမို ဖြစ်ပေါ်လာစေမည့်အပြင် ဒေသတွင်းမတည်ငြိမ်မှုကိုပါ ဖြစ်ပေါ်လာစေမည်ဟု ၎င်းကသတိပေးသည်။

သတင်း

ကလေးငယ်များကိုပင် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်နေသည့် ရန်သူစစ်အာဏာ ရှင် အနေဖြင့် ပြည်သူလူထု၏ ဆန္ဒကို စဉ်းစားမည်မဟုတ်ဘဲ ၎င်းတို့ အာဏာတည်မြဲရေးအတွက် ဆက်သွားမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

မြန်မာ့နွေဦးတက္ကသိုလ်(MNOU)သည် ကြားကာလပညာရေးအတွက် ယာယီတက္ကသိုလ်ကောင်စီများ နှင့် ဘာသာရပ်အဖွဲ့များ စုစည်း၍ ပူးပေါင်းတည်ထောင်ထားသော ပညာရေးဝန်ကြီးဌာန၏ ပြည်သူပိုင်တက္ကသိုလ် (Public University) တစ်ခု ဖြစ်ကြောင်း ကြေညာသည်။

သတင်း

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပန်ကြားချက်တွင် အထက်ပါအတိုင်း ဖော်ပြသည်။