Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CDM သူနာပြုဆရာမတစ်ဦး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ် ကျော်သွားရောက်စဉ် ရဲတပ်ဖွဲ့ကဖမ်းဆီး၍ ချောင်းအတွင်း ခုန်ချအဆုံးစီရင်

သူငယ်ချင်းများက အနောဟု ချစ်စနိုးခေါ်ကြသည့် CDM သူနာပြုဆရာမ မသိင်္ဂီသည် အောက်တိုဘာ ၇ ရက်တွင် ထိုင်းနိုင်ငံ၌ အထက်ပါအတိုင်း ဖြစ်ရပ်မျိုးကြုံတွေ့၍ အဆုံးစီရင်သွားခြင်းဟု ဘားအံမြို့ခံတစ်ဦးက ပြောသည်။

CDM သူနာပြုဆရာမတစ်ဦး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ် ကျော်သွားရောက်စဉ် ရဲတပ်ဖွဲ့ကဖမ်းဆီး၍ ချောင်းအတွင်း ခုန်ချအဆုံးစီရင်
CDM သူနာပြုဆရာမတစ်ဦး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ် ကျော်သွားရောက်စဉ် ရဲတပ်ဖွဲ့ကဖမ်းဆီး၍ ချောင်းအတွင်း ခုန်ချအဆုံးစီရင်

ကရင်ပြည််နယ်မှ CDM သူနာပြုဆရာမတစ်ဦးသည် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ပြီး အောက်လမ်းမှ သွားရောက်စဉ် ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးမှုကြုံတွေ့၍ ချောင်းအတွင်း ခုန်ချအဆုံးစီရင်မှုပြုလုပ်ခဲ့သည်။

သူငယ်ချင်းများက အနောဟု ချစ်စနိုးခေါ်ကြသည့် CDM သူနာပြုဆရာမ မသိင်္ဂီသည် အောက်တိုဘာ ၇ ရက်တွင် ထိုင်းနိုင်ငံ၌ အထက်ပါအတိုင်း ဖြစ်ရပ်မျိုးကြုံတွေ့၍ အဆုံးစီရင်သွားခြင်းဟု ဘားအံမြို့ခံတစ်ဦးက ပြောသည်။

“ဆရာမသိင်္ဂီက CDM ကိုတောင့်ခံပြီး နေခဲ့တာ။ သူ့ယောင်္ကျားနဲ့အတူ ထိုင်းမှာ အလုပ်သွားလုပ်ရင်း ပုလိပ်(ထိုင်းရဲ) လိုက်ဖမ်းလို့ ထွက်ပြေးရင်း ချောင်းထဲ ခုန်ချသွားတာ”ဟု ဆရာမသိင်္ဂီ၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

ဆရာမသိင်္ဂီနှင့် သူမ၏ အမျိုးသားသည် ထိုင်းရဲတပ်ဖွဲ့က လိုက်ဖမ်း၍ နှစ်ဦးစလုံးထွက်ပြေးစဥ် ဆရာမသိင်္ဂီက ချောင်းအတွင်းခုန်ချသွားခဲ့ခြင်းဟု သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၂၅ နှစ်ခန့်သာ ရှိသေးသည်။ ဇာတိမြေတွင် ၎င်း၏ ကလေးငယ်တစ်ဦးလည်း ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။

“အာဏာရူးတွေကိုလည်းမုန်းတယ်။ နင်တို့တွေကြောင့် ဒီလိုဖြစ်ရတာ။ငါ့သူငယ်ချင်းတွေ ဒုက္ခရောက်နေတာမြင်လေ ပိုနာကျည်းလေပဲ။ ပညာတတ်တွေ သူများနိုင်ငံ ခိုးဝင်ကြရ၊အောက်ခြေသိမ်း အလုပ် လုပ်ကြရ၊အနာဂတ်ပျောက်ရ ၊ ဘဝပျက်ကြရနဲ့”ဟု ဆရာမသိင်္ဂီ၏ သူငယ်ချင်းတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှု၊အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှုများကြောင့် လူငယ်အများအပြားမှာ ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်မှု စံချိန်တင် များပြားနေသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်ကြသည့် မြန်မာများ မကြားခဏအဖမ်းခံရသလို လမ်းခုလတ်တွင် ယာဉ်တိမ်းမှောက်၍ သေဆုံးသည့် ဖြစ်ရပ်များလည်း မကြာခဏ ဖြစ်ပေါ်နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

CDM ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်ထံသို့ ပြန်လည်ရောက်ရှိသွားသည့် ဗိုလ်မှူးမျိုးမင်းထွန်း ကိစ္စ အပါအဝင် Non-CDMများအကြောင်း မေးမြန်းမှုအပေါ် NUG သတင်းစာရှင်းလင်းပွဲ တာဝန်ရှိသူ ဦးနေဘုန်းလတ်က အထက်ပါအတိုင်း သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်း

ပင်လယ်ဘူးမြို့နယ်ရုံး အနီးဝန်းကျင်ရှိ ကျေးရွာများမှစုစည်း ရရှိသောစာရင်း ဖြစ်ပြီး အရေအတွက် ပိုလာနိုင်ကြောင်းလည်းPeople's Spring ၏​ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်းအဖွဲ့၊ People’s Soldiers Defense Force နဲ့ Breaking Brain Washed တို့က ယနေ့ (အောက်တိုဘာ ၇ရက်) ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

အောက်တိုဘာလ(၅)ရက်တွင် စစ်ကောင်စီတပ်မှ ကားသုံးစီး အင်အားအပြည့်ဖြင့် မုန်းဒေသအတွင်းသို့ ရောက်လာပြီး မုန်းတွင်နေထိုင်သည့် အမျိုးသမီး(၅)ဦးအပါအဝင် ပြည်သူ(၁၅)ဦးထက်မနည်းကို ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။