Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

အောက်တိုဘာ ၅ရက် မွန်းလွဲပိုင်းက သိမ်ဇရပ်အခြေစိုက် အမြောက်တပ်က လက်နက်ကြီးဖြင့် ကျိုက်ထိုမြို့နယ် သုံးခွရွာသို့ ပစ်ခတ်ခဲ့၍ သုံးခွရာခံ အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ် လင်နက်ကြီး ပစ်ခတ်ခဲ့၍ KNU နယ်မြေရှိ ပြည်သူလူထု နေအိမ်တစ်လုံး ပျက်စီးခဲ့သည်ကို တွေ့ရစဥ်၊ဓာတ်ပုံ - KNU (ပုံအဟောင်းကိုအသုံးပြုထားပါသည်)
စစ်ကောင်စီတပ် လင်နက်ကြီး ပစ်ခတ်ခဲ့၍ KNU နယ်မြေရှိ ပြည်သူလူထု နေအိမ်တစ်လုံး ပျက်စီးခဲ့သည်ကို တွေ့ရစဥ်၊ဓာတ်ပုံ - KNU (ပုံအဟောင်းကိုအသုံးပြုထားပါသည်)

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၅ရက် မွန်းလွဲပိုင်းက သိမ်ဇရပ်အခြေစိုက် အမြောက်တပ်က လက်နက်ကြီးဖြင့် ကျိုက်ထိုမြို့နယ် သုံးခွရွာသို့ ပစ်ခတ်ခဲ့၍ သုံးခွရာခံ အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်နက်ကြီးကျည်သည် သုံးခွကျေးရွာရှိ ကိုအောင်အောင်၏ နေအိမ်ခြံဝန်းအတွင်းကျရောက်ပေါက်ကွဲ ခဲ့ရာ ဇနီးဖြစ်သူ အသက် (၃၁) နှစ်ရှိ မမာလာဝင်း၏ မေးရိုးနှင့်ညာဖက်ပေါင်ကို လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း၊ လက်ရှိတွင် ဆေးကုသမှုခံယူနေကြောင်း ဒေသခံ၏ ပြောကြားချက်ကို ကိုးကား၍ KNUက ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“လက်နက်ကြီးက ခမရ (၂၀၇) ကပစ်တာ၊ ကျတာကအိမ်နဲ့ (၁၅) ပေလောက်ပဲကွာတယ် မမာလာကတော့ အိမ်နောက်ဖေးမှာ ပန်းကန်ဆေးနေတာ ညာဖက်ပေါင်ကနေတစ်ဆင့် လက်နက်ကြီးစက ဗိုက်ထဲဝင်လို့ ဆေးရုံမှာ ခွဲထုတ်ခဲ့ရတယ်၊ မေးရိုးကိုလည်းထိသွားတယ်” ဟု သုံးခွရွာခံတစ်ဦးက ပြောကြားကြောင်း KNU၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

အာဏာသိမ်း စစ်ကောင်စီတပ်အနေဖြင့် အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို လက်နက်ကြီးများဖြင့် ပစ်မှတ်ထားတ တိုက်ခိုက်မှုများ မကြခဏ လုပ်ဆောင်နေ၍ အရပ်သားပြည်သူများသေဆုံးထိခိုက်မှု များစွာဖြစ်ပေါ်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် စစ်အာဏာရှင်တော်လှန်ရေး အားကောင်းသည့် ဒေသများကို မီးရှို့ဖျက်ဆီးနေသည်။ စစ်ကိုင်းနှင့်မကွေးတိုင်းတွင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။

သတင်း

"သူတို့က ဒီဘက်ကမ်းကို ပြန်ပြေးကြတာ။ သူ့ယောင်္ကျားက သူ့ကိုပြန်ဆွဲခေါ်ခဲ့လို့ အလောင်းကပြန်ပါ ပါတယ်" ဟု ဆရာမဒေါ် သိင်္ဂီစိုး၏ သူငယ်ချင်းတစ်ဦးကပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ၁နာရီခန့်ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတို့ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေမသိရသေးဘဲ ရုတ်တရက်လာရောက်ပစ်ခတ်ခဲ့သည့်အတွက် ရွာနေပြည်သူအများစု ကျေးရွာအတွင်း​၌ ပိတ်မိခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်ကလည်းလက်နက်ကြီးပစ်ကူ၊လေကြောင်းပစ်ကူများသုံးပြီး ကော်ဘရာ စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ ရှိရာသို့မြေပြင် တပ်ရင်းအများအပြားဖြင့် ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေ၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။