Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတို​က်ခိုက်

စစ်ကောင်စီတပ်သည် ၁နာရီခန့်ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတို့ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေမသိရသေးဘဲ ရုတ်တရက်လာရောက်ပစ်ခတ်ခဲ့သည့်အတွက် ရွာနေပြည်သူအများစု ကျေးရွာအတွင်း​၌ ပိတ်မိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဝက်လက်နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတို​က်ခိုက်
ဝက်လက်နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတို​က်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၈ ရက်) မွန်းလွဲ ၁၂ နာရီခွဲခန့်က ဝက်လက်နယ်အရှေ့ခြမ်းရှိ ရွှေကျင်ကျေးရွာ၊ဘုရားလေးကုန်းရွာ၊ ငါးပန်​ချောင်းကျေးရွာများသို့ စစ်ကောင်စီတပ်က Jet Fighter ယာဥ် (၂)စီးဖြင့် ဗုံးကြဲခဲ့ကြောင်း၊ ထို့အပြင် Mi-35 နှစ်စီးဖြင့် ပစ်ခတ်၍ Mi-17 (၄)စီးဖြင့် လူချခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အရင်ရက်တွေကတည်းက နေ့ရောညရောထောက်လှမ်းရေးဒုန်းတွေဝဲနေတာပါ။ တည်နေရာရှာသွားတဲ့သဘောပါ။ ဂျက်ဖိုက်တာနှစ်စီး၅ခါပြန် ဗုံးချဲသွားတာပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ၁နာရီခန့်ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတို့ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေမသိရသေးဘဲ ရုတ်တရက်လာရောက်ပစ်ခတ်ခဲ့သည့်အတွက် ရွာနေပြည်သူအများစု ကျေးရွာအတွင်း​၌ ပိတ်မိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ညကလည်း ဝက်လက်မြို့နယ်နှင့်ဆက်နေသည့် စစ်ကိုင်းမြို့နယ် ဆားတောင်မြို့အရှေ့ဘက် သစ္စာ‌ရွှေဂူဘုရားကုန်းတော်ပေါ်ရှိ စစ်ကောင်စီတပ်သည် အနီးနားရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လင်းယဉ်ရွာတောင်ဘက်တွင်တစ်လုံး၊ ရွာသစ်ရွာအနောက်ပိုင်းတွင် နှစ်လုံးကျရောက်ပေါက်ကွဲသွားခဲ့ကြောင်း၊ ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် စစ်အာဏာရှင်တော်လှန်ရေး အားကောင်းသည့် ဒေသများကို မီးရှို့ဖျက်ဆီးနေသည်။ စစ်ကိုင်းနှင့်မကွေးတိုင်းတွင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။

သတင်း

"သူတို့က ဒီဘက်ကမ်းကို ပြန်ပြေးကြတာ။ သူ့ယောင်္ကျားက သူ့ကိုပြန်ဆွဲခေါ်ခဲ့လို့ အလောင်းကပြန်ပါ ပါတယ်" ဟု ဆရာမဒေါ် သိင်္ဂီစိုး၏ သူငယ်ချင်းတစ်ဦးကပြောသည်။

သတင်း

အောက်တိုဘာ ၅ရက် မွန်းလွဲပိုင်းက သိမ်ဇရပ်အခြေစိုက် အမြောက်တပ်က လက်နက်ကြီးဖြင့် ကျိုက်ထိုမြို့နယ် သုံးခွရွာသို့ ပစ်ခတ်ခဲ့၍ သုံးခွရာခံ အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်ကလည်းလက်နက်ကြီးပစ်ကူ၊လေကြောင်းပစ်ကူများသုံးပြီး ကော်ဘရာ စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ ရှိရာသို့မြေပြင် တပ်ရင်းအများအပြားဖြင့် ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေ၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။